Skip to main content

Apr 18, 2022

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2022

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ငွေကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2022

(၁၄) ကြိမ်မြောက် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနား ကိုယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အင်းစိန်ဗဟို အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/ အကျဉ်းသူများအနက် အကျဉ်းသား ၁၅၄ ဦး၊ အကျဉ်းသူ ခြောက်ဦး၊ ပေါင်း ၁၆၀ တို့ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ ယနေ့ နံနက် ၁၁ နာရီခန့်တွင် စနစ်တကျ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2022

(၅၈) ကြိမ်မြောက် စစ်တွေမြို့လုံး ကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်-မြန်မာ သက္ကရာဇ် ၁၃၈၄ခု၊ မြန်မာ နှစ်ဆန်း ၁ ရက်နေ့ ယနေ့နံနက် ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2022

ကိုဗစ် - ၁၉ ရောဂါကြောင့် ရုပ်ရှင်ပြသမှုရပ်နားခဲ့ရသော ရုပ်ရှင်ရုံများကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက် ယနေ့တွင် ပြန်လည်ဖွင့်လှစ်ပြသရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတရုပ်ရှင်ရုံ၌ ပြသသည့် မြန်မာရုပ်ရှင် ဇာတ်ကားကို ရုပ်ရှင်ချစ်မြတ်နိုးသူပြည်သူများနှင့်အတူ ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2022

ဦးစိန်သန်း (ဗုဒ္ဓဘာသာ) (ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေး အဖွဲ့) (ဗဟို) အားလုံးမင်္ဂလာပါခင်ဗျာ ယနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကုန်ဆုံးပြီး ၁၃၈၄ ခုနှစ်ကို ရောက်ရှိလာတဲ့ မြန်မာနှစ်ဆန်း (၁) ရက် နှစ်သစ်ကူးအခါသမယနေ့ ဖြစ်ပါတယ်...

ဆက်လက်ဖတ်ရှုရန်

Apr 18, 2022

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့ ယနေ့နံနက် ၇နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းမဘေးရှိ မင်္ဂလာကန်တော်၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဗိုလ်ချုပ် စိုးတင့်နိုင်နှင့်ဇနီး၊ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက်၍ ဇီဝိတဒါနအဖြစ် ထိုင်းငါးခုံးမအကောင်ရေ ၃၀၀၀ ကို မင်္ဂလာကန်တော်အတွင်း သို့ ဇီဝိတဒါန လွှတ်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2022

မြန်မာ့နှစ်သစ်ကူး ကာလ....သင်္ကြန်မင်္ဂလာပွဲမှာ မင်္ဂလာရှိပါစေ။မင်္ဂလာရှိကြ ပါစေ။ မင်္ဂလာဆိုတာ ကောင်း ကျိုးချမ်းသာတွေ ရရှိတာ ပြည့်စုံတာကို မင်္ဂလာ၊ ဆိုးကျိုးဒုက္ခတွေ ကင်းဝေးတာကို မင်္ဂလာလို့ ဆိုပါတယ်။ ကောင်းကျိုးချမ်းသာတွေ ပြည့်စုံရရှိ ဖို့ကကောင်းတာတွေလုပ်မှ၊ ပြောမှ၊ ကြံမှ ရရှိပါမယ်။ ဆိုးကျိုးဒုက္ခတွေ ကင်းဝေးဖို့ ကလည်းမကောင်းတာတွေ မလုပ်မိ၊ မပြောမိ၊ မကြံမိဖို့က အရေးကြီး ပါတယ်။ နှစ်သစ်ကူး ပြီဆိုတာက အချိန်ကာလ တွေကူးပြောင်းတာ၊ အချိန်ကာလ ကူးပြောင်းတာနဲ့ ပတ်သက်ပြီးတော့ အချိန်ကာလဆိုတာ စားချင်တဲ့စိတ်နဲ့ စားနေတဲ့အခါ စားတဲ့အချိန်၊သွားချင်တဲ့စိတ်နဲ့ သွားတဲ့အခါ သွားတဲ့အချိန်တို့ အချိန်ကာလဆိုတာ ကိုယ်ပြုနေတဲ့အလုပ်အမူအရာကိုယ့်ရဲ့ စိတ်ဓာတ် တွေအပေါ်မှာ မူတည်တာပါ။ အချိန်တိုင်း အချိန်တိုင်းမင်္ဂလာရှိဖို့ဆိုရင် ကိုယ့်စိတ်ဓာတ်ကို မင်္ဂလာ ရှိစေရမှာပါ၊ ကိုယ့်စိတ်ဓာတ်မင်္ဂလာရှိဖို့ဆိုတာ အနည်းဆုံးအားဖြင့် မေတ္တာတရားရှိရပါမယ်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2022

“အကျိုးရှိအောင် ဆောင်ရွက်ပါ”

ဆက်လက်ဖတ်ရှုရန်