Apr 18, 2022
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၏ ၁၃၈၃-၈၄ နှစ်သစ်ကူး မင်္ဂလာစာတမ်း
Apr 18, 2022
အခုအချိန်ဟာ မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ အချိန်အခါ ဖြစ်ပါတယ်။ ဒီနှစ်သစ်မင်္ဂလာ အချိန်အခါမှာ မြန်မာပြည်သူအပေါင်း ရွှင်လန်းချမ်းမြေ့ ကြစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်။
Apr 18, 2022
မြန်မာသက္ကရာဇ်၁၃၈၃ခုနှစ်ဟာမြန်မာ အချုပ်အခြာအာဏာနဲ့ နိုင်ငံအလုံးစုံ ပျက်သုဉ်းစေလိုတဲ့ ရန်သူပေါင်းစုံကို ရင်ဆိုင်ပြီး ကြီးမားတဲ့အခက်အခဲနဲ့ အကျပ်အတည်းတွေကို ကျော်ဖြတ်ခဲ့ရတဲ့ နှစ်ဖြစ်ပါတယ်။
Apr 18, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးရှိ ငုရွှေဝါခန်းမ၌ ကျင်းပသည်။
Apr 18, 2022
နှစ်ဟောင်းကနေနှစ်သစ်ကိုကူးတဲ့ ဒီလိုအချိန်ခါမှာ ပြည်ထောင်စုအတွင်းမှာရှိတဲ့တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ၊ ကောင်းကျိုးလိုအင် ဆန္ဒများပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျား။
Apr 18, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (ကိုဗစ်-၁၉) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ချက်အရ ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ မတ်လ ၁၆ ရက်နေ့မှစ၍ လူဦးရေ ၄၀၀ အထိ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။
Apr 18, 2022
နှစ်သစ်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းပတ္ထနာသံတို့ စည်ဝေကာ ကြားနာရသူအပေါင်းတို့ နှလုံးစိတ်ဝမ်း ချမ်းမြေ့ကြည်နူးကြရသည်။ မင်္ဂလာဟူသည် တိုးတက်ကြီးပွား ကြောင်းတရားဖြစ်ပြီး ကောင်းမြတ်ခြင်း၊ တင့်တယ်ခြင်း၊ ကျက်သရေနှင့်ပြည့်စုံခြင်းလည်းဖြစ်ရာ လူတိုင်းက အလိုရှိအပ်၊ တောင့်တအပ်သော တရားလည်းဖြစ်သည်။ လူသားတို့ကိုးကွယ်ကြသည့် ဘာသာတရားတို့က ကိုးကွယ်သည့် လူသားတို့ကို ကိုယ်ကျင့်တရားကောင်းမွန်ရန်၊ ယဉ်ကျေးသိမ်မွေ့ရန်၊ စိတ်နှလုံးဖြူစင်ရန် သင်ကြားညွှန်ပြ ဆုံးမပဲ့ပြင်ပေးခြင်းအားဖြင့် လူတိုင်းအပေါ် မင်္ဂလာအပေါင်း ခညောင်းပြည့်စုံစေသည်။
Apr 17, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Apr 17, 2022
ယနေ့ကျရောက်သော နှစ်သစ်ကူးပြောင်းသည့် မြန်မာ့နှစ်ဆန်း(၁)ရက်နေ့တွင် မန္တလေးမြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများနှင့် မြို့နယ်၊ ရပ်ကွက်များ၌ သံယာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြသူများ၊ သီတင်းသီလဆောက်တည်ကြသူများနှင့် ဇီဝိတဒါန ဘေးမဲ့လွှတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
Apr 17, 2022
(၁၇) ကြိမ်မြောက် အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်၊ ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။