နေပြည်တော် ဧပြီ ၁၆
၁၃၈၃ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အတက်နေ့ ဖြစ်သည့် ယနေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစု သင်္ကြန်ပွဲတော်ကို နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပရာ သင်္ကြန်ပွဲတော်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးရဲတင့် နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်ဇနီး၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကသည်။
ကြည့်ရှုအားပေး
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် ဇနီးနှင့်အဖွဲ့သည် သင်္ကြန်ပွဲတော်အတွင်း သက်ဆိုင်ရာဌာနများအလိုက် စတုဒိသာဖြင့် တည်ခင်းဧည့်ခံနေမှုကို လိုက်လံကြည့်ရှု အားပေးပြီး ဝန်ထမ်းများနှင့် အပြန်အလှန်ပျော်ရွှင်စွာ ရေပက်ကစားကြသည်။
ထို့နောက် မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ယိမ်းအဖွဲ့များက အကအလှများ၊ တေးသံရှင်များက သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ပျော်ရွှင်စွာ ရေပက် ကစားခဲ့ကြသည်။
သတင်းစဉ်