နေပြည်တော် ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲ တော်အတက်နေ့ ယနေ့ညနေပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ပိတ်ပွဲအခမ်းအနားကို နေပြည်တော်ရုံးအမှတ်(၃၈)ရှိ ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားကို ပိတ်သိမ်း
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ပါဝင်ဆင်နွှဲခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီးဌာန မိသားစုမဟာသင်္ကြန်ပွဲတော်အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
သတင်းစဉ်