Apr 15, 2022
ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် ရန်ကုန်မြို့နေရာအနှံ့အပြား၌ ယနေ့ မဟာသင်္ကြန် (အကျနေ့) နံနက်ပိုင်းမှစတင်ကာ ရေလောင်းရေပက်ခံသူများဖြင့် စည်ကားလျက် ရှိသည်။
Apr 15, 2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က ကြီးမှူး ကျင်းပသည့် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် ယာဉ်ရပ်နားနေရာ၌ ကျင်းပသည်။
Apr 15, 2022
ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာ သင်္ကြန် (အကျနေ့) တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများ၊ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိသည်။
Apr 15, 2022
၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုသင်္ကြန် ရေသဘင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနပရဝဏ်အတွင်း၌ ကျင်းပသည်။
Apr 15, 2022
လူစုဝေးခြင်းအတွက် ကန့်သတ်ချက်အမိန့်အား ဧပြီ ၁၇ ရက်မှ စတင်၍ ပယ်ဖျက်
Apr 15, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာအတာသင်္ကြန် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအဆိုပါ ဝန်ကြီးဌာနရုံး ပရဝဏ်အတွင်း၌ ကျင်းပဆောင်ရွက်သည်။
Apr 15, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေး ဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Apr 15, 2022
နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
Apr 15, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် Jean Phang နော်တောင်၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန(၂)ပြည်ထောင်စု ဝန်ကြီးဦးချစ်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဧည့်သည်တော်များနှင့်ဇနီးများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပြည်ထဲရေး ဝန်ကြီးဌာနမိသားစုမြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစား
Apr 15, 2022
အတာကူးသော တန်ခူးလတွင် မြေပြင်တွင် ရင်ခတ်ပန်းများပွင့်ကြသည်။ ကောင်းကင်တွင် စိတြကြယ် ထွန်းလင်းသည်။ နှစ်သစ်ကူးသော သင်္ကြန်အခါဖြစ်၍ ပြည်သူတို့ အတာရေသွန်းလောင်းကြသည်။ အတာရေသွန်းလောင်းခြင်းအစဉ် အလာသည် ကပိလဝတ်ပြည် သာကီဝင်မင်းတို့မှအစပြု၍ ပုဂံခေတ်တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ တန်ခူးလအခါတွင် အတာကူးခြင်း၊ သင်္ကြန်ကျခြင်းတို့၏ အသွင်သဏ္ဌာန်ကို ရှေးဆရာတို့က အဓိပ္ပာယ်ဖော်ညွှန်းဖွင့်ဆိုခဲ့သည်။