Skip to main content

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့ညနေပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မြန်မာ့မီးရထား နေပြည်တော် ဘူတာကြီးနယ်မြေရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဂုဏ်ပြုဆုငွေများ ချီးမြှင့်

ဝန်ကြီးဌာန ရေကစားမဏ္ဍပ်တွင် ဝန်ကြီးဌာန လက်အောက်ခံဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းအမျိုးသမီးငယ်များ၏ ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေကြ ရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

အောင်မြင်စွာ ရုပ်သိမ်း

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နှစ်သစ်ကူးဆုတောင်း စကား ပြောကြား၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်အား အောင်မြင်စွာပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက “မန်းတောင်ရိပ်ခို သီချင်း သီဆိုကြပြီး တစ်ဦးနှင့်တစ်ဦးပျော်ရွှင်စွာ အပြန်အလှန် ရေပက်ကစား နှုတ်ဆက်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်