နေပြည်တော် ဧပြီ ၁၆
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာအတာသင်္ကြန် မိသားစုရေသဘင်ပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၁၁ ရှိ ဝန်ကြီးဌာန စုဝေးခန်းမကြီး၌ ဆက်လက် ကျင်းပသည်။
အဆိုပါ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် မိသားစုဝင်များ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီး ဌာနများမှ ဝန်ထမ်းမိသားစုဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဝန်ကြီးဌာနစုဝေးခန်းမကြီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြု ယိမ်းအက အဖွဲ့၏ ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပြီး ယိမ်းအက အဖွဲ့များနှင့် တက်ရောက်လာသည့် ဝန်ထမ်းမိသားစု များကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကြသည်။
ထို့နောက် ဝန်ကြီးဌာနရုံးရှေ့ရှိ မြန်မာ့ရိုးရာအတာသင်္ကြန် ရေကစားမဏ္ဍပ်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် မိသားစုဝင်များ က ယိမ်းအက အဖွဲ့များ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေး၍ အတာရေသဘင်ပွဲတော်ကို ဝန်ထမ်းများ၊ မိသားစုဝင်များနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
သတင်းစဉ်