Feb 14, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၄
ဂျပန်ဘုရင်မင်းမြတ်၏ မွေးနေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်း အမှတ် ၈၀ ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့်ဇနီး တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဂျပန်နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမ နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မြန်မာ့ရိုးရာ စုပေါင်း ထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ ညနေ ၄ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်များအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး၏ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည် ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၀) ကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည်။
Feb 14, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၄
မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်နှင့် ဆွီဒင် နော့ဒစ်လေးနိုင်ငံတို့၏ သံရုံးအကြီးအကဲများက ဦးစီးကျင်းပသည့် Nordic Day အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ည ၆ နာရီတွင် ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် ၊ ပြည်လမ်းအမှတ်(၃) ရှိ Nordic House ၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Tone Tinnes တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၆)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Feb 14, 2020
လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံ-ဘားအံသွား ကားလမ်းမပေါ် နော်သငဲ့ကျေးရွာအနီးတွင် ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဝါယာရှော့ဖြစ်၍ (၁၂)ဘီး ကုန်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။
ထမနဲထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြည့်ရှုအားပေးသည်။
Feb 14, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ကြီးကြပ်မှာကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ ၌ ကျင်းပသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်သည် Max Planck and the Chubb Rule of Law Fund မှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် လက်ခံတွေ့ဆုံသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ BBC Media Action ရေကြည်ရာ အစီအစဉ်နှင့် International Labour Organization (ILO) တို့ပူးပေါင်း၍ Livelihood and Food Security Trust Fund (LIFT) ၏ အကူအညီဖြင့် မီဒီယာနှင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် Hilton Hotel ၌ ကျင်းပသည်။
Feb 14, 2020
ဘားအံ ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Ms.Suphatra Srimaitreephithak နှင့်အဖွဲ့အား ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့် နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိပါသည်။
Feb 14, 2020
ပခုက္ကူ ဖေဖော်ဝါရီ ၁၄
ပခုက္ကူတက္ကသိုလ်အသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ လေးထပ်ဆောင် အခန်း(၃၀၆) ၌ ကျင်းပသည်။
Feb 14, 2020
နမ့်ဆန် ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းနှင့် Barefoot Doctors Myanmar အဖွဲ့တို့ပူးပေါင်းပြီး နမ့်ဆန် ဒေသရှိ လက်ဖက်တောင်သူများ လက်ဖက်လုပ်ငန်းအပြင် ဝင်ငွေတိုးလုပ်ငန်း ရရှိစေရန် အတွက် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြို့မဂိုဏ်းချုပ်ကျောင်း တိုက်၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Feb 14, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၁၄
ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့ Famous Hotel အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 14, 2020
ယနေ့ကမ္ဘာတစ်လွှားကို ရှုမြင်ကြည့်လိုက်တော့ လူသိများသည့် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ် အစရှိသည့် နိုင်ငံများအပါ အဝင် နိုင်ငံပေါင်း လေးဆယ်ခန့်မှာ စစ်ဖြစ်နေသည်။ မြန်မာ နိုင်ငံမှ ပြည်တွင်းပဋိပက္ခကိုအခြေခံသည့် နိုင်ငံအတွင်းဖြစ်ပွား နေသည့်စစ်သည် ကမ္ဘာ့စံချိန်တင်နိုင်လောက်အောင် သက်တမ်းရှည်နေပြီ။ အန္ဒီ စစ်ဘေးစစ်ဒဏ်ကို အများဆုံးခံရသူများက စစ်ပွဲတွင်းမှာ အမှန်တကယ် စစ်တိုက်နေရသူများနှင့် စစ်ဖြစ်ပွား ရာ နယ်မြေဒေသတွင်းက အရပ်သားပြည်သူလူထုဖြစ်၏။