Skip to main content

ရွှေကူမြို့နယ်၌ အပြစ်ကျတရားခံများ ပို့ဆောင်သည့်ရေယာဉ်အား လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက် ပစ်ခတ်တိုက်ခိုက်၊လုံခြုံရေးတပ်ဖွဲ့ဝင်၂ဦးနှင့်အပြစ်ကျတရားခံ အမျိုးသား ၂ ဦးဒဏ်ရာရ

နေပြည်တော်၊ မေ ၁၁ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ အပြစ်ကျတရားခံများ သွားရောက်ပို့ဆောင်သည့် ရေယာဉ်အား လက်နက်ကိုင်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် အပြစ်ကျတရားခံ အမျိုးသား ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရွှေကူမြို့နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၄ နာရီ ၂၅ မိနစ် ခန့်တွင် အပြစ်ကျတရားခံ အမျိုးသား ၁၅ ဦး အမျိုးသမီး ၄ ဦးတို့ကို မြစ်ကြီးနား အကျဉ်းဦးစီး ဌာနသို့ ပို့ဆောင်ရန်အတွက် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေယာဉ်ဖြင့် ထွက်ခွာလာစဉ် နံနက် ၅ နာရီခန့် တွင် ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာအနီးအရောက်၌ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ အသင့်စောင့်ဆိုင်းနေသည့် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်း သူများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရသည်။ ထို့နောက် ဆက်လက်ထွက်ခွာခဲ့ရာ ၅ နာရီ မိနစ်၅၀ ခန့်တွင် နောင်မိုကျေးရွာ အထက်(ဒေသအခေါ်) ကြက်တူရွေးနှုတ်သီး အထက်သို့ အရောက်၌ လက်နက်ကိုင် အကြမ်းဖက်သောင်း ကျန်းသူများက လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ ၅ မိနစ်ခန့် အကြမ်းဖက်သောင်း ကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့ သည်။ အဆိုပါပစ်ခတ်မှုဖြစ်စဉ်များ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် အပြစ်ကျတရားခံ ၂ ဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)