နေပြည်တော် မေ ၁၁
ဝါးခင်းကြီးချောင်း မြေအောက်တမံသည် ချောင်းဝကျေးရွာအနီးတွင်ရှိပြီးတမံတည်ဆောက်ပြီးစီးပါက အနီးရှိကျေးရွာရှစ်ရွာမှ အိမ်ထောင်စု ၉၆၀ လူဦး ရေ ၄၀၀၀ ခန့်နှင့် ကျွဲ၊ နွား၊ တိရစ္ဆာန် ၈၀၀ အတွက် အကျိုးပြုမည်ဖြစ်ကြောင်း ဝါးခင်းကြီးချောင်း ရေအောက်တမံနှင့်အတူ တောင်ဆင်းချောင်းနှင့်ဘောလုံးကျွန်းချောင်း ရေအောက်တမံများ တည်ဆောက်နိုင်ရေးအတွက်လည်း ဘူမိဗေဒ လေ့လာစူးစမ်းမှုများကို စနစ်တကျဆောင်ရွက်ရန် လိုအပ် ကြောင်း မေ၈ရက်နံနက်က ညောင်ဦးမြို့နယ် ဝါးခင်းကြီးချောင်း မြေအောက်တမံ တည်ဆောက် မည့်နေရာသို့ ရောက်ရှိစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
ရေကိုအကျိုးရှိရှိသုံးစွဲ ရေး ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ကျေးရွာအနီးရှိ လက်ပံခြေပေါ် လျှပ်စစ်မြစ် ရေတင် လုပ်ငန်းသို့ စစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီး က ဤလက်ပံခြေပေါ် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း သည် အလွန်အရေးပါကြောင်း၊ ဒေသတွင်း စိမ်းလန်း စိုပြည်ရေးနှင့် စပါး၊ ပြောင်း၊ ပဲ၊ သီးနှံများအပါအဝင် စီမံကိန်းသီးနှံ ဧက ၁၀၀၀ စိုက်ပျိုးနိုင်သည်မှာ ဤမြစ်ရေတင် စီမံကိန်းကြောင့်ဖြစ်ကြောင်း၊ သို့သော် လက်ရှိဆောင်ရွက် နေမှုသည် လျှပ်စစ်ဓာတ်အား သုံး၍ ရေတင်နေရသဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၈၀၀၀၀ ခန့် ကျသင့်နေသည်ဟု တွက်ချက်ရ ရှိကြောင်း၊ သို့ဖြစ်၍ မိမိတို့ဝန်ကြီးဌာနမှ လျှပ်စစ် မြစ်ရေတင်စနစ်မှ ဆိုလာစနစ်သို့ ပြောင်းလဲ အသုံးပြုရန် စီမံဆောင်ရွက်နေကြောင်း၊ ဆိုလာစနစ်ဖြင့် မြစ်ရေတင်ပါက တစ်ဧကလျှင် ငွေကျပ် ၆၀၀၀၀ နီးပါးခန့် သက်သာသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ဌာန ဝန်ထမ်းများက စိုက်ပျိုးရေရယူသုံးစွဲနေ သည့် တောင်သူများအား ရေကိုအကျိုးရှိရှိ သုံးစွဲရေး နှင့် နိုင်ငံတော်မှ ငွေကြေးအမြောက်အမြား စိုက်ထုတ်
ဆောင်ရွက်ပေးနေသည်ကို သိရှိရေး အသိပညာပေး ဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပခုက္ကူ မြို့ရက်ကန်းနှင့် သက်မွေးပညာသင်တန်းသို့ စစ်ဆေးရာ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကျောင်းအုပ်ဆရာမ ကြီးက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ယခုအထိ သင်တန်း ဖွင့်လှစ် သင်ကြားမှု များကို ရှင်းလင်းတင်ပြ ပြီး သင်တန်းကျောင်းအတွင်း ရက်ကန်းရက်လုပ် နေမှုများ၊ ဗာဒန်ရွက်၊ သရက်ခေါက်၊ တမာခေါက်၊ မန်ကျည်း ခေါက်စသည့် သစ်ပင်အရွက်နှင့် အခေါက် များဖြင့် ချည်ခင်များအား သဘာဝနည်းဖြင့် ဆေးဆိုးနေမှုများနှင့် လက်ရှိဖွင့်လှစ်နေသည့် သင်တန်းသူ များ လက်တွေ့ လေ့ကျင့်သင်ကြားနေမှုများကို လိုက်လံရှင်းလင်းပြသသည်။ ။
အခြေခံရက်ကန်းသင်တန်းနှင့် ချည်ဆေးဆိုး သင်တန်းကို ယခုနှစ် မေ ၇ ရက်က စတင်ဖွင့်လှစ် ခဲ့ရာ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပွင့်ဖြူ နှင့် ရေဘုတ်ကြီးကျေးရွာတို့မှ သင်တန်းသူ သင်တန်းသား ၂၀ တက်ရောက်နေပြီး သင်တန်းကာလမှာ ၁၀ ရက် ဖြစ်သည်။
ကျေးရွာကုန်ထုတ်လမ်းစစ်ဆေး မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရေစကြိုမြို့နယ် မင်းကန်ကျေးရွာအုပ်စု တောင်စင် ကျေးရွာတွင် မွေးမြူထားရှိသည့် ပုဂ္ဂလိက ဆိတ်မွေးမြူ ရေးခြံများနှင့် ပခုက္ကူမြို့ ရွှေတန့်တစ် ကျေးရွာရောက်ရှိပြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဖောက်လုပ်ပြီးစီးဖြစ်သည့် ရွှေတန့် တစ်ကျေးရွာ ကုန်ထုတ်လမ်းကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရွှေတန့်တစ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ ကြည့်ရှု စစ်ဆေးသည်။ အဆိုပါ မြစ်ရေတင်လုပ်ငန်းသည် ဧရာဝတီမြစ်ရေကို ရေပေါ်ရေတင်စနစ်(PONTON) ဖြင့် ရေတင် ပေးခြင်းဖြစ်သည်။ ရေပေးမြောင်းမကြီး ၂ ဒသမ ၇၆ မိုင်အရှည်ရှိပြီး လက်တံမြောင်းအရှည် ( ၁၀ ဒသမ ၉၃ မိုင်ရှိကာ သီးနှံစိုက် ဧက ၁၅၀၀ ကို စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း သိရသည်။ ယင်းနောက် ပခုက္ကူမြို့နယ် ကွန်ရွာတောင်သူ ဦးချစ်လှိုင်၏ လယ်တွင် မနောသုခ (RS to CS) မျိုးစေ့ထုတ်၇ဧက စံပြစိုက်ခင်းကို ကြည့်ရှုအားပေး သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တောင်စင်မြစိမ်းရောင်စီမံကိန်းကျေးရွာ နှင့် မြိုင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ တာဝန်ယူဖောက်လုပ်ပြီးစီးခဲ့သည့် ကျောက်ဆောက်အနောက်ကွင်း ကုန်ထုတ်လမ်း ဖောက်လုပ်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိုင်မြို့ နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက် ပြီးသော လယ်စုညောင်ပင် ကျေးရွာမြေအောက်ဆည် (Sand Dam) တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေး သည်။
အဆိုပါ မြေအောက်ရေစီမံကိန်းကို CHINDWIN STRATEGY Co.ltd မှ တာဝန်ယူတည်ဆောက် ခြင်း ဖြစ်ပြီး မြေအောက်တမံအလျား ပေ ၁၀၀ ၊အောက်ခြေအကျယ် ၈ ပေနှင့် မြေပေါ်အကျယ် ၂ ပေ ရှိ၍ အိမ်ခြေ ၂၁၅ အိမ်နှင့် လူဦးရေ ၁၁၂၅ ဦးတို့ကို လုံလောက်စွာ အသုံးပြုနိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်