နေပြည်တော် မေ ၁၁
မတရားအသင်း ကြေညာထားသော NUG အမည်ခံ ပြည်ပြေး အစိုးရနှင့် CRPH အမည်ခံ ပြည်ပြေး လွှတ်တော်ကော်မတီ တို့၏ ထောက်ပံ့မှုနှင့် ဆူပူ အကြမ်းဖက်သူများက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်အများ ပြည်သူတို့၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့ကို ပျက်ပြားစေ ရန် ဆောင်ရွက်နေမှုများကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်ကာ လုံခြုံရေးအား နေ့ည မပြတ် ပြည့်ဝစွာဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင်လည်း မိဘ ပြည်သူများအနေဖြင့် စိတ်အေးချမ်း သာယာစွာ နေထိုင်နိုင်စေရေး၊ ရပ်ရွာအေးချမ်းသာယာမှုရှိစေရေး တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့်လုံခြုံရေးတပ်ဖွဲ့ ဝင်များက နေ့ညမပြတ် လုံခြုံရေး တာဝန်များကို ဆက်လက်ထမ်းဆောင်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်