နေပြည်တော် မေ ၁၁
လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်း များကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ လူမှုကွန်ရက် စာမျက်နှာပေါ်၌ တပ်မတော်အား တိုက်ခိုက်စော်ကားသည့် စာများ ရေးသားသူများဖြစ်ကြသည့် မဝင်း စုလှိုင် (ဘ) ဦးတင်အောင်ဝင်းနှင့် ညီမ ဖြစ်သူမမေဇွန်ကို (ဘ) ဦးတင်အောင်ဝင်းတို့ နှစ်ဦးကို မေ ၁ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းပြီး စစ်ဆေးမှုများဆောင်ရွက် ခဲ့သည်။
စစ်ဆေးမှုများအရ ၎င်းတို့ညီအစ်မ နှစ်ဦးသည် ဆူပူအကြမ်းဖက် ဆန္ဒပြမှု များတွင် အကြိမ်ကြိမ်လိုက်ပါခဲ့ပြီး ၎င်းတို့၏ နေအိမ်မျက်နှာစာလမ်းပေါ်တွင် နိုင်ငံတော်ကို ဆန့်ကျင်သည့် စာသားများရေးသားခြင်းနှင့်ဖေဖော်ဝါရီ ၂၈ ရက်တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး အပါ အဝင် ၎င်း၏မိသားစုဝင်များဖြစ်သည့် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး နှင့် ကလေးငယ် တစ်ဦးတို့ကို ဒလန်ဟု စွပ်စွဲကာ ဝိုင်းဝန်းဖမ်းဆီးပြီး မဟာ အောင်မြေမြို့နယ် မြတောင်ကျောင်း တိုက်၌ မျက်ခုံးမွေးရိတ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း မမေဇွန်ကို၏ ဖုန်းအတွင်း အချက်အလက်များမှ ( တစ်ဆင့် သိရှိရသည်။
ထိုသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် အပြစ်မဲ့ပြည်သူများကို အကြောင်းရင်းမရှိဘဲ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဆောင်ရွက်ခဲ့သူများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
သတင်းစဉ်