Skip to main content

ကန့်ဘလူမြို့နယ်ရှိပွဲရုံများ၌ ဇန်နဝါရီလအတွင်း အရောင်းအဝယ်ဖြစ်နေသော သီးနှံများ

ကန့်ဘလူ   ဖေဖော်ဝါရီ  ၈

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျှော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစု အဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း တင်း/တန် စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိသည်။

ကန့်ဘလူပွဲရုံများအနေဖြင့် ဒီဇင်ဘာလကုန်ပိုင်းမှ ဇန်နဝါရီလ လကုန်ပိုင်းအထိ ပွဲရုံသို့ဝင်ရောက် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများ၊ အဝင်/အထွက် တင်း/တန်များ၏ အရောင်းအဝယ်ဖြစ်မှု အခြေအနေများမှာ ပဲစဉ်းငုံ(နီ)(၁၈၆၀)တင်း/(၁၇၀.၉၅)တန် ဈေးနှုန်းမှာ ကျပ်(၁၁၁၀၀၀)၊ ပဲစဉ်းငုံ(ဖြူ)(၃၃)တင်း/(၃.၀၃)တန် ဈေးနှုန်းမှာ ကျပ်(၁၀၁၀၀၀)၊ နှမ်းနက် (၁၆၅၀)တင်း/(၁၂၁.၃၂)တန် ဈေးနှုန်းမှာ ကျပ်(၁၁၀၀၀၀)၊ နှမ်းဖြူ (၅၂၅)တင်း/(၃၈.၆၀)တန် ဈေးနှုန်းမှာ ကျပ်(၁၁၀၀၀၀)၊ မတ်ပဲ(၃၀၀)တင်း/ (၂၇.၅၇)တန် ဈေးနှုန်းမှာ ကျပ်(၈၈၀၀၀) ပေါက် ဈေးရှိပြီး ဘိလပ်စေ့(၆၀)တင်း/ (၄.၄၁)တန်ဈေးနှုန်းမှာ ကျပ်(၆၀၀၀၀)  ပေါက်ဈေးရှိကြောင်း သိရသည်။

ယခုကာလမှာတွင် ပဲစဉ်းငုံ၊ နှမ်း(နက်)များ အဝင်/အထွက် ပေါများဆုံး အချိန်ဖြစ်ပြီး မိမိတို့ ပွဲရုံမှ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။