Skip to main content

ရမ်းဗြဲမြို့ကို တပ်မတော်မှ လေကြောင်းက အဆိပ်ငွေ့သုံးကာ တိုက်ခိုက်ဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၈ 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို တပ်မတော်က ဖေဖော်ဝါရီ ၇ ရက်တွင် လေကြောင်းမှ အဆိပ်ငွေ့ဗုံးများသုံးကာ တိုက်ခိုက်ခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

“တပ်မတော်သည် ရမ်းဗြဲမြို့တွင် အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်းမရှိသလို အခြားမည်သည့် တိုက်ပွဲများတွင်မှလည်း အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းများ မရှိပါကြောင်း”၊ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များသည် တိုက်ပွဲများတွင် တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရမှုများပြားလာပါက ထိုကဲ့သို့ ဝါဒဖြန့်ကောလာဟလသတင်းများကို လူမှုကွန်ရက်တွင်  အချိန်ကိုက်ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။