နေပြည်တော် ဖေဖော်ဝါရီ ၈
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် အမျိုးသမီး ၃ ဦးနှင့် ကလေး ၃ ဦးကို တပ်မတော်က ပစ်သတ်ခဲ့သည်ဟု မဟုတ်မမှန် ဝါဒဖြန့်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသ နယ်မြေလုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရှားတောဒေသအတွင်း တပ်မတော်မှ နယ်မြေလှုပ်ရှားသွားလာမှုမရှိကြောင်းနှင့် စစ်ဘေးရှောင်များကို သတ်ဖြတ်ခဲ့သည်ဆိုသည်မှာလည်း အခြေအမြစ်မရှိသည့် သတင်းမှားသာဖြစ်ကြောင်းနှင့် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ကောလာဟလသတင်းများကို လုပ်ကြံရေးသား ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။