Skip to main content

Aug 11, 2022

တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာရှိ ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းနှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေး သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော စမ်းဝတီ သဘာဝမြေဩဇာစက်ရုံကို ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သား၊သမီးများ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် အဆင့်ကျောင်းများတွင် တက်ရောက်လျက်ရှိသည့် ဝန်ထမ်းသား၊ သမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် အပြန်အလှန်အသိအမှတ်ပြု‌ရေးအစီအစဉ် (ASEAN Mutual Recognition Arrangements on Tourism Professional ASEAN MRA-TP) ကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ASEAN MRA-TP ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ ASEAN MRA-TP အသိပညာပေးဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2022

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၇၈)ကို ဩဂုတ် ၁၂ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2022

လူငယ်လူရွယ်များနှင့်ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်အပြင် ဇာတ်သဘင်ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်မှစတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၇ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့်လားရှိုး မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တ‌လေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားဝင်တင်သွင်းခွင့်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ

ဆက်လက်ဖတ်ရှုရန်

Aug 11, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသည့်အခွင့်အာဏာများကိုကျင့်သုံး၍ ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့နယ်အတွင်းရှိ ဧရိယာဧက ၆၈၀၄ ဒသမ ၅၀ ကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် ကျီရီးယန်းတောင် အမျိုးသားဥယျာဉ်အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၂၁/၂၀၂၂ အရ)၁၃၈၄ ခုနှစ်ဝါခေါင်လဆန်း (၁၂) ရက်(၂၀၂၂ ခုနှစ် ဩဂုတ် ၈ ရက်)မှစ၍ သတ်မှတ်ဖွဲ့စည်းကြောင်း ကြေညာလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2022

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊

ဆက်လက်ဖတ်ရှုရန်

Aug 11, 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အလှူရှင်များတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်