နေပြည်တော် ဩဂုတ် ၁၀
လူငယ်လူရွယ်များနှင့်ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်အပြင် ဇာတ်သဘင်ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်မှစတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ (၃၈)ဖြာမင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာပါဝင်သည့် ကာလေနဓမ္မဿဝနံ (သင့်လျော်သောအခါ တရားတော်နာကြားခြင်း)အစီအစဉ်ကို ဩဂုတ် ၁၃ ရက် (စနေနေ့) ည ၉ နာရီတွင် ဆက်လက်ပြသမည်ဖြစ်သည်။
ယင်းတင်ဆက်မှုကို ရွှေနန်းတင်မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ရွှေဘုန်းကံ၊ ရန်ရှင်းမောင်၊ ထက်မြတ်အောင်၊ ပန်းကဗျာ၊ ဖူးပွင့်ရွှေရည်လှိုင်၊ ဓာတ်လင်း၊ ဒိုးဇက်နှင့်သဘင်ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။
ထို့အပြင် ဩဂုတ် ၁၇ ရက်(ဗုဒ္ဓဟူးနေ့)ညနေ ၆ နာရီ သတင်းအပြီး၌ ယင်းအစီအစဉ်ကို ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်