နေပြည်တော် သြဂုတ် ၁၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၇ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့်လားရှိုး မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားဝင်တင်သွင်းခွင့်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် LED မီးသီးများ၊ မော်တော်ယာဉ်အပိုပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့် အပ်ချုပ်စက်(အဟောင်း)များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၄၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Hino အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁, ၄၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ သြဂုတ်၈ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်ဦးစီးဌာန စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-ဘားအံ-မြဝတီလမ်းကြောင်း မိုင်တိုင်(၄၅)အနီးတွင် သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၃၇၅၁၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် JACHFC အမျိုးအစား ၂၂ ဘီးကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန် - ဘားအံ- မြဝတီလမ်းကြောင်း မိုင်တိုင်(၆၀)အနီး၌ သွင်းကုန်ကြေညာလွှာ (ID)တွင်ကြေညာထားသည်နှင့် ကွဲလွဲစွာတင်ဆောင်လာသော ဆိုင်ကယ်အပိုပစ္စည်းများ၊ ကလေးစီးသုံးဘီးဆိုင်ကယ်များနှင့် ကလေးအသုံးအဆောင်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၄၉၅၅၀)နှင့် အဆိုပါစ္စည်းများ တင်ဆောင်လာသည့် Hino Profiaအမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၉၁၀၈၇၀၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် သြဂုတ် ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)ဖွင့်လှစ်ပြီး သုံးနှစ်ကျော်လွန်သည်အထိ လာရောက်ထုတ်ယူခြင်းမရှိသည့် HinoDutro Truck အမျိုးအစား မော်တော်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၁၀၆၄၀)၊ Toyota Hiace အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁၈၇၁၀၀)နှင့် လုပ်ငန်းသုံးယန္တရားနှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၄၃၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၁၆၂၇၇၄၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ် ၈ ရက်တွင် တိုက်ကြီးမြို့နယ် ရန်ကုန်- ပြည်ကားလမ်း မြို့နယ်လျှပ်စစ်ရုံးအနီး၌ တရားမဝင်ကျွန်းခွဲသား ဆိုဒ်စုံ ၂၀ ဒသမ ၀၃၀၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၂၀၀၆၄)နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် ကုန်တင်ယာဉ်နှစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀ ၀၀၀၀၀၀)ကိုလည်းကောင်း၊ သြဂုတ် ၉ ရက်တွင် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်(၀/၀)မိုင် လမ်းဆုံအနီးတွင် တရားမဝင်ကျွန်းပါကေးအကြမ်းတုံး ၀ ဒသမ ၉၉၅၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၆၈၃၂)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၈၇၆၈၉၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ကစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အရာတော်မြို့နယ်အတွင်း KENBO125 အမျိုးအစား လိုင်စင်မဲ့ သုံးဘီးဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် သြဂုတ် ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ ၆ ဒသမ ၁၃၀၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၉၈၆၆၄)ကို သစ်တောဥပဒေအရလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကျောက်တံခါးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များအတွင်း ADVAN အမျိုးအစားလိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)နှင့် Hilux အမျိုးအစားလိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀ ၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၉၈၆၆၄)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၇ ရက်၊ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၀၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၀၈၃၀၃၆၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်