Skip to main content

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာမျှဝေမှုအစီအစဉ် လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

နေပြည်တော် ဩဂုတ် ၁၀

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၇၈)ကို ဩဂုတ် ၁၂ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာအသိပညာမျှဝေမှုအစီအစဉ်ကို အစီအစဉ်တင်ဆက်သူရဲထိုက်နှင့် ပွင့်နဒီမောင်တို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဩဂုတ် ၁၂ ၊ ၁၃ နှင့် ၁၄ ရက်နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HDChannel မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်