Jan 06, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။
Jan 06, 2021
မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကတည်းက ဘာသာတရား အဆုံးအမနှင့်အညီ ယဉ်ကျေးမှု အစဉ်အလာ မြင့်မားသောနိုင်ငံဖြစ်သည်။ မြတ်စွာဘုရားရှင်ဟောကြားညွှန်ပြတော်မူသော (၃၈) ဖြာမင်္ဂလာတရားတော် တွင် ပါရှိသည့်အတိုင်း လိုက်နာကျင့်သုံးနေထိုင်ခဲ့ကြသည့်အပြင် သင်္ဂဟ တရား လေးပါးနှင့် ညီညွတ်သော ချီးမြှင့်ထောက်ပံ့စောင့်ရှောက်ကြသည့် မင်္ဂလာအမှု များပြုကြ သဖြင့် နှစ်လိုဖွယ်ရာကောင်းသည့်နိုင်ငံ ဖြစ်သည်။
Jan 06, 2021
ဗိုင်ရပ်စ်ပိုးများ၏ သဘာဝအရ ၎င်းပိုးတို့သည် သူတို့၏ ရှင်သန်နိုင်မှုစွမ်းအားကို ကိုယ့်ဘာ သာကိုယ် မျိုးဗီဇပြောင်းလဲခြင်းဖြင့် မြှင့်တင်လေ့ရှိသည်။ ထိုဗီဇပြောင်းမျိုးကွဲများကို ကိုဗစ်ဂါ ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးများတွင် စတင်တွေ့ရှိလာနေရသည်ဟု အင်္ဂလန်နိုင်ငံက ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။
Jan 05, 2021
Jan 05, 2021
ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ် အပိုင်း (ခ) (ပုံမှန်) သင်တန်းနှင့် သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက် တင်ပြ ခြင်းနှင့် ဘွဲ့လွန်ဆေးပညာ သင်တန်းများဝင်ခွင့်ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် Video conferencing စနစ် ဖြင့် ကျင်းပသည်။
Jan 05, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြ သည်။ အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယား သမ္မတ နိုင်ငံမှ (၆၅)ဦး၊ ကနေဒါမှ (၁)ဦး၊ အီတလီမှ (၁)ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၀)ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၇၇)ဦး လိုက်ပါခဲ့ကြသည်။
Jan 05, 2021
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 05, 2021
နေပြည်တော်၊ ရုံးအမှတ်(၂၆)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၅ရက်၊ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူနိုင်ရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်ငန်းများ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ Online Meeting စနစ်ဖြင့် တက်ရောက် ခဲ့သည်။
Jan 05, 2021
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဗုဒ္ဓာဘိသေက အနေကဇာတင် မင်္ဂလာနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ စေတီတော် ဘက်စုံပြုပြင်လှူဒါန်းခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ကြီး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး အစိုးရဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ စေတီတော်အလှည့်ကျ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
Jan 05, 2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီးဒေါ်တင့်တင့်(ခ) ဒေါ်ချူးချူးသည် မုံရွာခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများလိုက်ပါ၍ ယနေ့ နံနက် (၉) နာရီက မုံရွာမြို့နယ် တောင်မတောကျေးရွာအနီးရှိ တောင်မတောတောင် သို့ တက်ရောက်၍ ပြည်သူများ တောင်တက်အပန်းဖြေနားနေနိုင်ရေး၊ တောတောင်သဘာဝ စိမ်းလန်းစိုပြေစေရေး ကိစ္စရပ်များ အတွက် ဆောင်ရွက်ပေးရမည့် အခြေအနေများအား သိရှိနိုင်ရန် တောင်မတောတောင် သို့ တက်ရောက်ကြည့်ရှုခဲ့သည်။
Jan 05, 2021
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ ကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဂုဏ်ထူး ဆောင်ဘွဲ့ ရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ စကားသံများကို ထုတ်နုတ် ဖော်ပြလိုက်ပါသည်-
Jan 05, 2021
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည် များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်း အနား ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည်။
Jan 05, 2021
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်ခံနိုင်ငံ၊ တစ်နည်း ဆိုရသော် တိုင်းတစ်ပါးသား လက်အောက်က ကျွန်နိုင်ငံအဖြစ် ရပ်တည်ခဲ့ရသည်။ မြန်မာဘုရင် သီပေါမင်း ပါတော်မူခဲ့ရသည့် ခရစ်နှစ် ၁၈၈၅ ခုနှစ်မှသည် ၁၉၄၈ ခုနှစ်ကာလသည် သူ့ကျွန်ဘဝ ဖြစ်ပါသည်။ ဗြိတိသျှ ကျွန်နိုင်ငံ ဖြစ်ရသည့်အတွက် နိုင်ငံရေးအရ၊ အုပ်ချုပ်ရေးအရ ဗြိတိသျှတို့၏ တစ်ဖက်သတ် အစီအမံအောက်တွင် မြန်မာပြည်သူတို့ နေခဲ့ကြရသည်။ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ဗြိတိသျှတို့ကသာ လွှမ်းမိုးထား၏။
Jan 05, 2021
မျက်မှောက်ကာလတွင် စုပေါင်းအင်အားသည်သာ စွမ်းအားဖြစ်ကြောင်း စိန်ခေါ်မှုများအား ကျော်လွှား နိုင်မှုများဖြင့် သက်သေပြနိုင်ခဲ့သည်။ ဤကျော်လွှားနိုင်မှုများသည် လူမှုဘဝစိန်ခေါ်မှုတို့သာ ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးကြီးပွား တိုးတက်ရေးအတွက် စုပေါင်းအင်အားများမှာ ယခုအခါ လိုအပ်လျက်ရှိသည်။ မျက်မှောက်ကာလ၌ ဝေးလံသောဒေသများသို့ ခရီးသွားသောအခါ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ကောင်းမွန်နေပြီ။ အချို့ ဝေးလံဒေသများ၌ လျှပ်စစ်မီးများ ရရှိနေသည်။
Jan 04, 2021
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက တာဝန်ယူတည်ဆောက်သည့် အင်းစိန် ရထားလမ်း ခုံးကျော်တံတား အမှတ်(၂) (မင်းကြီးလမ်းလက်တက်တံတား) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အဆိုပါတံတားသစ်၌ ကျင်းပသည်။
Jan 04, 2021
(၂၃-၃-၂၀၂၀) ရက်နေ့မှ (၃-၁-၂၀၂၁) ရက်နေ့အထိ တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ (၁၂၆,၃၄၅) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Jan 04, 2021
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်မိန့်ခွန်း ပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။
Jan 04, 2021
၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံ တော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး၊ အမျိုး သားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ထုတ်ပြန်ထား သည့်ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Jan 04, 2021
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပထမဆုံးအကြိမ်အဖြစ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီက ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Jan 04, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့သို့ ယနေ့ နံနက်၈နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ဝန်ကြီးချုပ်နှင့် အဖွဲ့ရောက်ရှိလာပြီး ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်အတွင်းရှိ ဓမ္မလင်္ကာရ ရှေးဟောင်း ကျောင်းဆောင်အား လှည့်လည်ကြည့်ရှုခဲ့သည်။
