Skip to main content

Jan 17, 2021

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မိကျောင်းခေါင်း ကျေးရွာ(၄)ရွာတွင် ယနေ့နံနက် (၁၀)နာရီအချိန်က လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ပြုလုပ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2021

မြန်မာလက်မှု ငွေထည်ပစ္စည်းများကို ကမ္ဘာနှင့်ယှဉ်ပြီး လုပ်နိုင်သည့် 3D ပုံစံမျိုး ရုပ်လုံးရုပ်ကြွများ၊ ဇာတ်တော်ကြီး များ ထုလုပ်ရောင်းချလျက် ရှိပြီး ကမ္ဘာနှင့်ယှဉ်ကြည့်ပါက မြန်မာလက်ရာမှာ ကျော်ကြားကြောင်း၊ ထိုကျော်ကြား သည့် လက်ရာများကို ထိထိရောက်ရောက် ရောင်းဝယ် ဖောက်ကားနိုင်ပါက ငွေပန်းထိမ်လောက ပြန်လည်ဦးမော့ လာနိုင်သည့် အနေအထားရှိကြောင်း မြန်မာ့လက်မှု ငွေထည်၊ ကြေးထည်အသင်း (ရွာထောင်)မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2021

ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကမ်းရိုးတန်း အတိုင်း လမ်းအရှည် ၉၆ မိုင် ၅ ဒသမ ၅ ဖာလုံ ရှည်လျားသော ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်- ဂွလမ်းအထိ(ကမ်းခြေပတ်လမ်း)စီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန က အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2021

လူသားများအားလုံးကို အန္တရာယ်ပေးလျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါကို ကြောက်မက်ဖွယ်ရောဂါဆိုး အဖြစ်ရှုမြင်ထားကြပါသည်။ လက်တွေ့တွင် တစ်ကမ္ဘာလုံး၌ ၎င်းရောဂါပိုးကူးစက်ခံရသူ ၉၃ သန်းကျော်နှင့် ထိုဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ နှစ်သန်းကျော်ပြီဖြစ်သည်။ ၎င်းရောဂါပိုးသည် ကမ္ဘာတွင် ဆက်ရှိနေဦးမည်ဖြစ်၍ ထိခိုက်ဆုံးရှုံးသည့် လူသားများ နေ့စဉ်တိုးနေသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2021

ယေဘုယျအားဖြင့် အစစ်အမှန်တို့ တန်ဖိုးကြီးသည်နှင့်အမျှ အတု အယောင်တို့ပေါပေါများများ ပေါ်ပေါက် လာလေ့ရှိသည်မှာ စက်ဆုပ် ဖွယ် လောကသဘာဝဟု ဆိုရမည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ ကားဝင်းအတွင်း၌ ငွေကျပ်သိန်း ၉,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၉၆)ဦးကို ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၁၄) ကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာမကြီးများ၏ ကိုဗစ်-၁၉ ကုသရေး ဆိုင်ရာ အတွေ့အကြုံနှင့် ဆန်းစစ်သုံးသပ်တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် ဖွင့်လှစ်ထားရှိသော COVID-19 ကာကွယ် ဆေး ဝယ်ယူရရှိရေးရန်ပုံ​ငွေ (COVID-19 Vaccination Fund) မြန်မာကျပ် ငွေစာရင်း OA 013733 နှင့် နိုင်ငံခြားငွေစာရင်း EDC 600012 တို့သို့ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက် အထိ ပြည်တွင်း / ပြည်ပအလှူရှင် (၇၂၈)ဦးက လှူဒါန်းငွေစုစုပေါင်း

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် ပညာရေး စီမံခန့်ခွဲမှု (Certificate in Educational Management (CEM)) (Batch 1) သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား “Achievements and Challenges of the Ministry of Education” ခေါင်းစဉ်ဖြင့် သင်တန်းပို့ချသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီးသုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရက်ချိန်းရယူခြင်းအား ကြိုတင်စာရင်းသွင်းသည့်စနစ်(Online Booking System) သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

ပဲခူးဒေသခံများအတွင်း အမူအကျင့်ပြောင်းလဲခြင်းဆိုင်ရာ သင်င်္ကေတများ (Stop Covid Sign) အသုံးပြု၍ ဆောင်ရွက်မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အမူအကျင့် ပြောင်းလဲရေးဆိုင်ရာ လူထုလှုပ်ရှားမှုကို ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့၊ သနပ်ပင်လမ်းမတန်း လိပ်ပြာကန်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

ပဲခူးမြို့၊ ဥဿာမြို့သစ်၊(၇)ရပ်ကွက်၊ ဓမ္မစေတီလမ်းရှိ (၆)ထပ်စုပေါင်းရုံးတွင် ယနေ့ နံနက် ၈နာရီက သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြေငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ရှာ‌ဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင် မီးသတ်တပ်ဖွဲ့ဝင်များက တပ်ခွဲအဆင့် မြေငလျင်ဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်‌လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေကျပ်သိန်း ၅၀၀ လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၁နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

ရွှေဘိုမြို့ ကိုဗစ် ၁၉ ကာကွယ် ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ မြို့နယ်ဆေး ပဒေသာပင်ဖောင်ဒေးရှင်း အလှုငွေ ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ခွဲ အချိန်က ရွှေဘိုမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တက်ရောက် ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

နိုင်ငံတော်မှ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာအလှူရှင် ၂၉ဦးတို့က လှူဒါန်းခဲ့သည့် ငွေကျပ်သိန်းပေါင်း ရှစ်ထောင့်ကိုးရာငါးသိန်း တစ်သောင်းနှင့်နှစ်ထောင့်ငါးရာကျပ် (၈၉၀၅၁၂၅၀၀ကျပ်) ကို မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးမှူးထံသို့ ယမန်နေ့နံနက် ၉နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင် ပြုလုပ်သည့် အလှူငွေများ ပေးအပ်သည့်အစီစဉ်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လွှဲပြောင်း ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး သာသနာရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Win & Win Co., Ltd တို့၏ မဇင်းဆည်မှ မြို့ရေပေးဝေလုပ်ငန်း ဆောင်ရွက်ရန်အတွက် MoU လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

အော်ဂဲနစ်ထောက်ခံချက်လက်မှတ် ပေးအပ်ရေးစီမံချက်၊ လမ်းညွှန်ချက်များနှင့် စိုက်ပျိုးရေးစစ်ဆေးခြင်း ဆိုင်ရာ လမ်းညွှန်ချက် စတုတ္ထမူကြမ်းများအပေါ် ထပ်မံဖြည့်စွက် အတည်ပြုနိုင်ရေး ဆွေးနွေးပွဲကို ယမန် နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2021

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်