Skip to main content

ဆူပူဆန္ဒပြသူ လူအုပ်စုအတွင်း ဗုံးပစ်လက်နက်ကိုင်ဆောင်ထားသူအုပ်စုများ ပါဝင်လာမှုတွေ့ရှိ

နေပြည်တော် မတ် ၄ ဆူပူဆန္ဒပြသူ လူအုပ်စုအတွင်း ဗုံးပစ်လက်နက်ကိုင်ဆောင်ထားသူ အုပ်စုများ ပါဝင်လာမှု တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ဖျာပုံလမ်းထောင့်တွင် မတ် ၃ ရက် နံနက် ၁၀ နာရီခန့်၌ ဆူပူအကြမ်းဖက် ဆန္ဒပြသူအုပ်စုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရကြောင်း။ ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့မှုအခြေအနေကို နီးစပ်ရာ CCTV ကင်မရာများမှတစ်ဆင့် ခြေရာခံ ပြန်လည်စိစစ်ကြည့်ရှုရာတွင် ဆူပူဆန္ဒပြသူလူအုပ်စုအတွင်းမှ မီးခိုးဗုံးပစ် လက်နက်ဟု ယူဆရသည့် လက်နက်(၂)ခု အသုံးပြုပစ်ခတ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ သေနတ်အမျိုးအစားအနေဖြင့် ပုံသဏ္ဍာန်နှစ်မျိုးကွဲပြားနေပြီး ပစ်ခတ်ရာတွင် လူ(၆)ယောက်မှ အုပ်စုဖွဲ့အသုံးပြုပစ်ခတ်နေသည်ကို CCTV ကင်မရာမှတ်တမ်းအရ ပီပြင်ထင်ရှားစွာတွေ့မြင်ရ ကြောင်း။ ဖြစ်စဉ်အပေါ် သုံးသပ်ချက်အရ ဆူပူဆန္ဒပြသူ လူစုလူဝေးများအနေဖြင့် သာမန်ဆန္ဒပြ သည့်အဆင့်တွင်မရှိတော့ဘဲ ပေါက်ကွဲစေတတ်သော လက်နက်များစွဲကိုင်ကာ အကြမ်းဖက်မှု ဆောင်ရွက်လာသည့်အခြေအနေသို့ ရောက်ရှိလာသည်ကိုတွေ့ရှိရပြီး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ် များအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြုလုပ်မှုကြောင့်ဖြစ်ရသည်ဟူ၍ ပုံဖော်ဆောင်ရွက်လာနေသည်ကို တွေ့မြင်သုံးသပ်ရရှိကြောင်း သိရသည်။ (သတင်းစဉ်)