Skip to main content

ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး မတ် ၄ ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ မတ်လအတွင်း ကာကွယ်ဆေးထိုးနှံရေး ရှမ်းပြည်နယ် Coronavirus Disease (coVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ရှမ်း Gas $us Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဖေဖော်ဝါရီ ၁၅ ရက်က ထပ်မံဖွဲ့စည်းခဲ့ကြောင်း၊ ရှမ်းပြည်နယ်တွင် coVID-19ရောဂါနှင့် ပတ်သက်၍ ကာကွယ်ဆေးထိုးနှံ နိုင်ရေးအတွက် ကာကွယ်ဆေး လိုအပ်ချက်အနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း အတွက် ရှစ်သောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း ရှစ်သောင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းအတွက် လေးသောင်း စုစုပေါင်း လူဦးရေနှစ်သိန်း ဆေးထိုးနိုင် ရန် တင်ပြထားပါကြောင်း၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများသည် CDM တွင် ပါဝင်နေသောကြောင့် တပ်မတော် စစ်ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားချက်များ ရှိပြီးဖြစ်ကြောင်း၊ မတ်လအတွင်း ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရန်၊ ရှမ်းပြည်နယ်အတွက် ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်း ရှိသလောက် အားလုံးဝိုင်းဝန်းကြိုးစားပေးကြရန် မှာကြားလိုကြောင်း၊ COVID-19 ရောဂါ မပြန့်ပွားရေး ထိန်းချုပ်နိုင်ရန်အတွက် ရေရှည်မှာ စီမံအုပ်ချုပ်ရေး ကောင်စီနှင့်ပူးပေါင်းပါဝင် ပေးသည့်အတွက်ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။ လုပ်ငန်းဆောင်ရွက်ချက် ရှင်းလင်းဆွေးနွေး ဆက်လက်၍ ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး Disease (covID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ မောင်မောင်သန်း (တောင်ကြီး)