Skip to main content

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင်ဆိုင်ရာ အသင်းများတွေ့ဆုံ

ထားဝယ် မတ် ၄ တနင်္သာရီတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ နှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် -စီးပွားရေး လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ ကုန်သည်စက်မှု အသင်းနှင့်ညီနောင်အသင်းများ၊ အသေးစား၊ အငယ်စား ၊ အလတ်စား စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းများနှင့် တွေ့ဆုံပွဲအခမ်း အနားကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီး -စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဦးတည်ချက်(၉)ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေ နိုင်ရေး အခက်အခဲများလည်းရှိ နိုင်ကြောင်း၊ မိမိတို့အဖွဲ့ အနေ ဖြင့် တိုက်ရိုက်ဆုံးဖြတ် ပံ့ပိုး ကူညီရမည့် လုပ်ငန်းများကို ကြန့်ကြာနှောင့်နှေးခြင်း မရှိ စေဘဲ သွက်သွက်လက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ တိုင်းဒေသကြီး အနေ နှင့် လက်လှမ်းမမီသော လုပ်ငန်း များကိုလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ တင်ပြ ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် တွေ့ကြုံရသော အခက်အခဲများကို တင်ပြပေး စေလိုကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင် အသင်းအဖွဲ့များက လက်ရှိ ဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်း အခြေအနေများနှင့် တွေ့ကြုံရသောအခက်အခဲများ ကိုရှင်းလင်း တင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ တိုင်းဒေသကြီး(ပြန်/ဆက်)