နေပြည်တော် မတ် ၄
နိုင်ငံတော်ဆန့်ကျင်ရေး အစုအဖွဲ့များအနေဖြင့် လူငယ်ထုများအား ရှေ့တန်းတင်ကာ ပိုစတာများ၊ ဆိုင်းဘုတ်များ၊ ဆန္ဒပြသူအဖွဲ့များအတွက် ပစ္စည်း မျိုးစုံတီထွင်ကာ နောက်ကွယ်မှ ထောက်ပံ့သော ငွေကြေးအမြောက်အမြားကို အကုန်အကျခံပြီး နိုင်ငံရေးသမားအများစုက လှုံ့ဆော်မှုပုံစံအမျိုးမျိုး ဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့ မြင်ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဆူပူဆန္ဒပြသူလူအုပ်စုများ
ယင်းသတင်းထုတ်ပြန်ချက်အရ ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဆူပူဆန္ဒပြသူ လူအုပ်စုများအနေဖြင့် လမ်းကြောင်းများကို နည်းမျိုး စုံဖြင့် ပိတ်ဆို့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ညှဉ်းပန်းခြင်း၊ သံဃာတော်များအား သာသနာညှိုးနွမ်းစေပြီး အကြမ်းဖက်ဆန်စွာ ဆောင်ရွက်ခြင်း၊ ဘဏ်ကို ဖျက်ဆီး၍ ATM ငွေထုတ်စက်ကို ချိုးဖျက်ကာ ငွေများ လုယူခြင်း၊ နိုင်ငံတော်ပိုင်အဆောက်အဦနှင့် ယာဉ် များကို ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့သုံးယာဉ်များ ကို ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများ ကို ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကာ လုံခြုံရေး တပ်ဖွဲ့ အနေဖြင့် လူစုလူဝေးပြိုကွဲရေးအတွက် အဓိကရုဏ်းဖြိုခွဲရေး လက်နက်များကို အသုံးပြု ဆောင်ရွက်ရလျက်ရှိကြောင်း။
“ ဖြိုခွဲထိန်းသိမ်းခဲ့ရ
မတ် ၄ ရက်တွင် ဆူပူအကြမ်းဖက် ဆောင်ရွက် ခဲ့သည့်ဖြစ်စဉ်များအနေဖြင့် နေပြည်တော် ပျဉ်းမနား၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး အလုံ၊ စမ်းချောင်း၊ ကျောက်တံတားမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်၊ မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့်
ထားဝယ်မြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွဲထိန်းသိမ်းခဲ့ရကြောင်း။ ။
ဖြစ်စဉ်များတွင် နောက်ကွယ်မှ သွေးခွဲမြှောက်ပင့် စည်းရုံးလှုံ့ဆော် ဆောင်ရွက်နေမှုများကြောင့် လူငယ်ထုအနေဖြင့် စိတ်ခံစားမှုများကို ရှေ့တန်း တင်ကာ အကြမ်းဖက်ပုံစံကဲ့သို့ တိုးမြှင့်လုပ်ဆောင် လာနေသည်ကို တွေ့မြင်နေရကြောင်း။
နိုင်ငံရေးသမားအများစုအနေဖြင့် အန္တရာယ် ကင်းလွတ်သည့် နေရာများတွင် ပုန်းခိုကာ လူငယ်ထု ကို လမ်းပေါ်ထွက်စေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထပ်တိုက်တွေ့ဆုံစေကာ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်စေရန် ဆောင်ရွက်နေမှုများအပေါ် မိဘပြည်သူလူထုများအနေဖြင့် ထိန်းသမ်းဆောင်ရွက်ကြရန် အသိပေးထားကြောင်း သိရသည်။
သတင်းစဉ်