မုံရွာ မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် ယနေ့နံနက်ပိုင်း က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများအလိုက် လက်ရှိဆောင်ရွက် ဆဲ၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တက်ရောက်လာ ကြသော တိုင်းဒေသကြီးအဆင့် စိုက်ပျိုးရေးဦးစီး ဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်းအမြစ်)၊ စက်မှု လယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး-၄၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့တွင် လက်ရှိဆောင်ရွက်ဆဲ ဆောင်ရွက် ပြီး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် စပ်လျဉ်းပြီး အသေးစိတ် ရှင်းလင်းတင်ပြကြရန်နှင့် လိုအပ်သော အခက်အခဲများကို အားလုံးပူးပေါင်း ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းကဏ္ဍများအလိုက် အထူးအလေးထားကာ စနစ်တကျ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများက မိမိတို့လုပ်ငန်းကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရှင်းလင်း တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025