Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၄ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် အများဆုံး ထိတွေ့ဆက်ဆံရ ပြီး ပြည်သူ့အကျိုးကို တိုက်ရိုက်အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်း NGOs, INGOs များနှင့်လည်း ထိတွေ့ ဆက်ဆံနေရ သည့်အတွက် MoU, LoA ကိစ္စများသည် အရေးကြီးသော ကဏ္ဍဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထိတွေ့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာမှ နည်းပညာအကူအညီ Technical Assistance နှင့် အမူအကျင့်ကောင်း Best Practice များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ၎င်းတို့စီမံကိန်းရန်ပုံငွေဖြင့် မိမိတို့နိုင်ငံအတွင်း သက်ဆိုင်ရာ စီမံချက်၊ စီမံကိန်းများ ဆောင်ရွက်ခြင်းဖြစ်သောကြောင့် နိုင်ငံအတွက် Financial Assistance ရရှိသည်ဟု ဆိုနိုင်ပါကြောင်း၊ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိနိုင်သော စီမံကိန်းများ ဖြစ်ရန် အရေးကြီးပါကြောင်း၊ မိမိတို့တိုင်းပြည်အတွက် ကူညီဆောင်ရွက်ပေးခြင်းများကို လေးစားရမည်ဖြစ်သော်လည်း တိုင်းပြည် အကျိုးစီးပွား ထိခိုက်စေနိုင်သည့် သူများကိုလည်း သတိပြုစောင့်ကြည့်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MoU, LoA များကိုပြန်လည် စီစစ်ရန် လိုအပ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဖွဲ့အစည်း အများစုမှာ မိမိတို့ ဝန်ကြီးဌာနနှင့် ကာလတာရှည် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းများ ဖြစ်ပါ ကြောင်း၊ ရေရှည်တွင် မိမိတို့ကိုယ်တိုင် စီမံဆောင်ရွက်နိုင်ရန်အတွက်လည်း ကြိုးစားရမည် ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။ ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး လက်ထောက်အတွင်းဝန်က နိုင်ငံခြားအကူအညီဖြင့် ဆောင်ရွက်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာ၊ သဘောတူညီမှုစာလွှာ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု စာလွှာ ရေးထိုးရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ လူမှုဝန်ထမ်း ဉီးစီးဌာန ညွှန်ကြားရေးမှူးက လူမှုဝန်ထမ်းဉီးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း (၂၇) ဖွဲ့၊ သဘောတူညီမှုစာလွှာ(LoA) ရေးထိုးဆောင် ရွက်လျက်ရှိသည့် အဖွဲ့(၃)ဖွဲ့ ၊ နည်းပညာ သဘောတူညီမှုစာလွှာ (LTA) ရေးထိုးဆောင်ရွက် လျက်ရှိသည့် အဖွဲ့ (၂) ဖွဲ့၊ စီမံကိန်းသဘောတူစာချုပ် (Project Agreement) ရေးထိုး ဆောင်ရွက်လျက်ရှိသည့် အဖွဲ့(၃)ဖွဲ့နှင့် လုပ်ငန်းအစီအစဉ် (Workplan) ရေးထိုးဆောင်ရွက် လျက်ရှိသည့် အဖွဲ့(၁)ဖွဲ့၊ စုစုပေါင်း (၃၆) ဖွဲ့တို့နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန EOC ဌာနကြီးမှူးက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနနှင့် (MoU) ၊ (LoA) ၊ (LoI) ရေးထိုးဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း (၁၉)ဖွဲ့ တို့နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စာချုပ်တွင် ပါဝင်သော စီမံကိန်းဒေသများအတွက် ရန်ပုံငွေများကို ထိရောက်စွာ အသုံးပြုနိုင်ရန် ဝန်ကြီး ဌာနက စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးအဖွဲ့ (၂)ဖွဲ့ ဖွဲ့၍ ကွင်းဆင်းလေ့လာမှု အခြေအနေ ကိုလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြန်လည် ထူထောင်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သဖြင့် ပြန်လည် ထူထောင်ရေး ဦးစီးဌာနနှင့် MoU, LoA သက်တမ်းတိုး ဆောင်ရွက်နေသည့် အဖွဲ့အစည်းမရှိသည့်အခြေအနေ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် MoU လက်မှတ်ရေးထိုး ပြီးစီးသည့် အဖွဲ့အစည်း(၃)ခု၊ MoU လက်မှတ် ရေးထိုးရန်ဆောင်ရွက်ဆဲ အဖွဲ့အစည်း (၅)ခု၊ LoA လက်မှတ်ရေးထိုးပြီးစီးသည့် အဖွဲ့ အစည်း (၂)ခု၊ LoA လက်မှတ်ရေးထိုးရန်ဆောင်ရွက်ဆဲ အဖွဲ့အစည်း (၂)ခု၊ MoU လက်မှတ် ရေးထိုး ပြီးစီးသည့် အဖွဲ့အစည်း (၃)ခု၊ LoA လက်မှတ်ရေးထိုးပြီးစီးသည့် အဖွဲ့အစည်း (၂) ခုတို့နှင့်စပ်လျဉ်းသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက NGOs, INGOs အဖွဲ့အစည်းများမှ လုပ်ငန်း ဆောင်ရွက် ချက်များသည် အမှန်တကယ်ဆောင်ရွက်ခြင်း ရှိ/မရှိ၊ အကျိုးသက်ရောက်မှု ရှိ/မရှိ၊ Beneficiaries များ အမှန်တကယ် အကျိုးခံစားရခြင်း ရှိ/မရှိတို့ကို လေ့လားဆန်းစစ်သွားရမည် ဖြစ်ကြောင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်း (Monitoring and Evaluation)ကို မူဘောင်နှင့် စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)