နေပြည်တော် မတ် ၄
ပြည်ပမှ ပြန်လည်ဝင်ရောက်လာ သည့် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လိုအပ် သည့်စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် ၁၀မြို့နယ်အဆောင်၌ အသွား အလာကန့်သတ် ထားရှိခဲ့သည်။
ထိုသို့ အသွားအလာ ကန့်သတ်ထားရှိသည့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၅၆ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်ဆေးရုံမှ ဆရာဝန် များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် -ပူးပေါင်း၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်