Skip to main content

မြို့နယ်ရပ်ကွက်များအတွင်း ကားလမ်းကြောင်း ပိတ်ဆို့မှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

နေပြည်တော် မတ် ၄ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြားသောဒေသ မြို့နယ်များအတွင်း (အေးချမ်းစွာ ဆန္ဒပြခြင်း) ခေါင်းစဉ်ဖြင့် နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိကြရာ တွင် လမ်းမကြီးများ၊ ရပ်ကွက်အတွင်း လမ်းများတွင် အခိုင်အမာကွန်က ရစ်တုံးများချထားခြင်း၊ တာယာ ကွင်းများချထားခြင်း၊ သဲအိတ်များချထားခြင်း၊ PVC ပိုက်လုံးကြီးများချထားခြင်း၊ သံချောင်းအလေးအပင် ပစ္စည်းများ ချထားခြင်း၊ အချို့သောနေရာများတွင် အမျိုးသမီးဝတ်လုံချည်များအား ယာဉ်များအပေါ်တွင် ကြိုးတန်း၍လှန်းထားခြင်း စသည့်လုပ်ရပ်များကို လူစုလူဝေးများအနေဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ဖြင့် ပြုမူလုပ်ဆောင်နေကြပြီး မတ် ၃ ရက်တွင် လည်း မြို့နယ်တစ်မြို့နယ်တွင် တာယာကွင်းများအား ဓာတ်ဆီလောင်းမီးရှို့ခြင်းအား အမျိုးသမီးတစ်ဦးက ပြုလုပ်ခဲ့ပြီး မီးငြိမ်းသတ်ခြင်းအား ချက်ချင်း ဆောင်ရွက်ခဲ့ရကြောင်း တွေ့ရှိရပါသည်။ ။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လူစုလူဝေး ပြိုကွဲစေခြင်း ဆောင်ရွက်မှုများအပြင် ၎င်းကဲ့သို့ ပြုလုပ်ထားရှိသော အတားအဆီးများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့များဖြင့် ပေါင်းစပ်ကာ ပြည်သူများ (ညမထွက်ရအမိန့်ထုတ်ပြန်ထားချိန် ညပိုင်းတွင် ညလုံးပေါက်ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက် ရှိပါသည်။ အထက်ပါကဲ့သို့ အတားအဆီးများ ပြုလုပ်ခြင်း သည် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပြုလုပ်နေသော် လည်း လက်ရှိရာသီဥတုအချိန်ကာလအရ မီးဘေး အန္တရာယ်ဖြစ်ပွားမှုကို အလွန် စိုးရိမ်ရခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များ ဖယ်ရှားရှင်းလင်းမှု မရှိဘဲ လမ်းပိတ်ဆို့ထားချိန်တွင် မီးဘေးအန္တရာယ် ကြီးမားစွာ ဖြစ်ပွားလာပါက မီးသတ်ယာဉ်များ အချိန်မီရောက်ရှိနိုင်မှုမရှိဘဲ ရပ်ရွာလူထုအနေဖြင့် အိုးအိမ်ပစ္စည်းများ မြောက်မြားစွာ ဆုံးရှုံးနိုင်ခြင်း များကို ကြုံတွေ့လာနိုင်သည့်အတွက် အေးချမ်း သာယာစွာ နေထိုင်လိုသူများအနေဖြင့် စိုးရိမ်ပူပန်မှု များစွာဖြင့် နေထိုင်နေရကြောင်း သိရှိရပါသည်။ အတားအဆီးများ နေ့စဉ်ဆက်လက်ပြုလုပ်ပြီး အကြမ်းဖက်ဆန္ဒပြဖြစ်စဉ်များ ဖြစ်ပွားနေမှုသည် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ ထိခိုက်သေဆုံး မှုဘေးအန္တရာယ် ဖြစ်ပွားမှုများ၊ ဘက်ပေါင်းစုံမှ ပိုမို ယိုယွင်းပျက်စီးမှုများကိုသာ လူထုအနေဖြင့် ကြုံတွေ့ရမည်ဖြစ် ကြောင်း၊ မြို့ရွာများ လုံခြုံအေးချမ်း သာယာစွာနေထိုင်လိုသူ ပြည်သူလူထုအများစု အနေဖြင့် စိုးရိမ်ပူပန်မှုများစွာဖြင့် ဝေဖန်သုံးသပ် လျက်ရှိကြောင်း သတင်းရရှိပါသည်။ သတင်းစဉ်