Sep 06, 2020
နိုင်ငံဖွံ့ဖြိုးတိုးတက်မှ၊ ဓနဥစ္စာအင်အားကြွယ်ဝမှ၊ အရင်းအမြစ်ပေါများမှသာ နိုင်ငံ၏ အရေးအရာ ကိစ္စမှန်သမျှ အလွယ်တကူ အချိန်မရွေးဖြေရှင်းဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် မိမိတို့ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် နိုင်ငံတိုးတက်ရေး၊ ဥစ္စာဓနတောင့်တင်း ခိုင်မာ ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး တို့ကို အစဉ်အမြဲကြိုးပမ်းအားထုတ် နေကြသည်။
Sep 05, 2020
၁။ (၅-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၇၄၅)ခု၊ - ဆေးသုတေသနဦးစီးဌာန (DMR)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁၄၇) ခု၊ - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၃၉) ခု၊ - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၂၄) ခု၊ - ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၆) ခု၊ - ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၅၉) ခု၊ - ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊ - နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၃၁) ခု၊ - ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊ - အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၂) ခုနှင့် - စုစုပေါင်း (၁,၆၉၁)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ - • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၇) ဦး တွေ့ရှိရပါသည်။
Sep 05, 2020
မန္တလေးဗဟိုအကျဉ်းထောင်မှ ၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္က သိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင့်ခဲ့ကြသည့် အကျဉ်းသား ကျောင်း သား ကျောင်းသူ ၂၉ ဦးအား ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် လွတ်ငြိမ်း သက်သာ ခွင့်ပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါအကျဉ်းထောင် ဓမ္မာရုံ၌ ကျင်း ပသည်။
Sep 05, 2020
အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသော ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် အကျဉ်း သား ကျောင်းသား၊ ကျောင်းသူ များအနက် ၅၅ ဦးအား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတကပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ပြုရာ ရန်ကုန်မြို့ရှိ အင်းစိန် ဗဟိုအကျဉ်း ထောင်မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော အကျဉ်းသား ၂၅ ဦးပါဝင်လွတ် မြောက်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။
Sep 05, 2020
၁။ (၄-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် -ဓာတ်ခွဲနမူနာ စုစုပေါင်း (၃,၁၇၅) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၈၃) ဦးတွေ့ရှိခဲ့ပါသည်။ (အဆိုပါ လူနာများဓာတ်ခွဲတွေ့ရှိမှုသတင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)
Sep 05, 2020
တောင်ကြီး စက်တင်ဘာ ၅
Sep 05, 2020
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးအတွက် ပြည်နယ်အတွင်း မြို့နယ်များရှိ Stay at Home ကာလ ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအတွက် ငွေကျပ် ၁ ဒသမ ၈၁၈ ဘီလီယံတန်ဖိုးရှိ ဆန် ရိက္ခာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 05, 2020
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များအား လိုက်နာခြင်း မရှိသည့် KTV ၊ Bar ၊ အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် နေအိမ်၊ ဆိုင်များ အား ဖော်ထုတ်ဖမ်းဆီး အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
Sep 05, 2020
မြန်မာနိုင်ငံ၏ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဈေးကွက်အတွင်းရှိ ပါဝင်ပတ်သက် သူများ အားလုံး ပါဝင်သော ပဉ္စမအကြိမ်စားပွဲဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
Sep 05, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး ဦးစီးဌာနသည် မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကပါဝင်နေသော တောင်သူ လယ်သမားများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်၊ တောင်သူများ နေ့စဉ်ကြုံတွေ့နေရသော စိုက်ပျိုးရေးဆိုင်ရာ အခက် အခဲ ပြဿနာ များကို နည်းပညာအရ ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ် ၍ စိုက်ပျိုးရေးဦးစီးဌာန Call Center ကို နေပြည်တော် ရုံးအမှတ် (၄၃)၌ ဖွင့်လှစ်ထားရှိရာ ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၁ ရက်အထိ Hot line ဖြင့် ၁၂၃၈ ကြိမ်၊ Viber ဖြင့် ၁၅၈၇ ကြိမ်၊ Facebook ဖြင့် ၁၄၂၅ ကြိမ်၊ ကြိုးဖုန်းဖြင့် ၁၀၈၅ ကြိမ် စုစုပေါင်း ၅၃၃၅ ကြိမ် မေးမြန်းခဲ့ရာတွင် သီးနှံကာကွယ်ရေးဆိုင်ရာ အကြိမ် ၁၀၀၀၊ မြေအသုံးချရေး ဆိုင်ရာ ၅၄၄ ကြိမ်၊ မျိုးစေ့ဆိုင်ရာ ၂၆၄ ကြိမ်၊ စိုက်ပညာဆိုင်ရာ အကြိမ် ၁၂၁၀၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝ ဆိုင်ရာ ၇၈၃ ကြိမ်၊ စက်မှုသီးနှံဆိုင်ရာ ၄၃၂ ကြိမ်၊ အထွေထွေ ဆိုင်ရာ ၁၁၀၂ ကြိမ်တို့ကို ဖြေကြားမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 05, 2020
မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 05, 2020
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ (၁၂/၂၀၂၀)ကြိမ်မြောက် အစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Sep 05, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိ လျက်ရှိသည်။
Sep 05, 2020
မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်ရေးဆွဲအကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် OneMap Myanmar နည်းပညာဆိုင်ရာအဖွဲ့တို့၏ 5th MEITI Report ပါ အချက် အလက်များအတွက် Web Application တည်ဆောက်ခြင်း ဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 05, 2020
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ကျင်းပသည်။
Sep 05, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ကနေဒါနိုင်ငံမှ N95 Mask များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေ သနဦးစီးဌာန(ရုံးချုပ်) အစည်း အဝေး ခန်းမ၌ ကျင်းပသည်။
Sep 05, 2020
၁။ (၄-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 05, 2020
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာအရေအတွက် ၁၁၀၀ ကျော်သွားခြင်းနှင့်အတူ အာဆီယံနိုင်ငံများ ဇယားတွင် မြန်မာနိုင်ငံက ဗီယက်နမ်နိုင်ငံ၏ အထက်သို့ ရောက်ရှိသွားခဲ့သည်။ ရောဂါနှင့်စပ်လျဉ်း၍ သေဆုံး သူ အရေအတွက်အားဖြင့်လည်း တစ်ဦး တိုးသွားပြီဖြစ်သည်။
Sep 04, 2020
ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် ပါဝင်သည့် လုပ်ငန်း စီမံကိန်းများအနက် စီးပွား ဖြစ် ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက် အအုံများကို ဉီးစွာ အကောင် အထည်ဖော် ဆောင်ရွက်ရန် ပွင့်လင်းမြင်သာမှုရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဆွစ်ယှဉ်ပြိုင် တင်ဒါ (Swiss Challenge) ခေါ်ယူနိုင်ရေး အကြံပေး ဝန်ဆောင်မှုလုပ်ငန်း အပ်နှံစာချုပ် လက်မှတ် ရေးထိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နှင့် ရန်ကုန်မြို့ တော်ခန်းမတို့၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပသည်။