Skip to main content

ပြည်ထောင်စုဝန်ကြီးဦးကိုကို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေး တက်ရောက်

 

ရန်ကုန် မေ ၁၆

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန၏ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြတိုက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုး၊ လုပ်ငန်းကော်မတီဝင် အမြဲတမ်း အတွင်း ဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာသမိုင်းပညာရှင်များ၊ ရုပ်ရှင်ဆိုင်ရာ အတတ် ပညာရှင်၊ အသိပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရက ဗိုလ်ချုပ် အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်း ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ရုပ်ရှင်ရိုက်ကူးနိုင် ရေးအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်ကာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန် တွင် ရိုက်ကူးမှုကို စတင်နိုင်ခဲ့ သည်ကို သိရှိရကြောင်း၊  ၂၀၂၀ ပြည့် နှစ်၊ မတ်လတွင် ကိုဗစ်-၁၉ ပထမလှိုင်းနှင့် စက်တင်ဘာလတွင် ဒုတိယလှိုင်းများ ဖြစ်ပေါ် လာမှုကြောင့် ရိုက်ကူးမှု ကိုမူလ ရည်မှန်း ထားသည့် အချိန်ကာလ သတ်မှတ်ချက်အတိုင်း တစ်ဆက်တည်း ရိုက်ကူးနိုင် ခြင်းမရှိခဲ့ကြောင်း၊ အခက်အခဲကြား ထဲမှ ရိုက်ကူးရေးလုပ်ငန်းကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ သည်ဟု သိရှိရကြောင်း၊ ယခုအခါမှာ ရိုက်ကူးရေး လုပ်ငန်းများ ပြီးစီးသွားပြီ ဖြစ်၍တည်းဖြတ်မှု၊ ကွန်ပျူတာနည်းပညာ ဖြင့် အထူးပြုလုပ်မှု၊ အသံအထူးပြု လုပ်မှု၊ Colour ချိန်ညှိမှု၊ Music/ Dubbing တီးခတ်မှု စသည့်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် ကျန်နေ သေးကြောင်း။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားကို အပြီးသတ်ထုတ် လုပ်ပြသရန် အတွက် မိမိတို့ အားလုံး ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အပြီးသတ်လုပ်ငန်းများ အများကြီး ကျန်ရှိနေသေးကြောင်းကို သိရှိရကြောင်း၊ ၎င်းလုပ်ငန်းများမှာ ကွန်ပျူ တာနည်း ပညာဖြင့် ပုံရိပ်ဖန်တီးမှုလုပ်ငန်း၊ တည်းဖြတ်မှုလုပ်ငန်း၊ Sound Effect များကို Yangon Post မှ မလေးရှားတွင် ဆောင်ရွက်မည့်လုပ်ငန်း၊ Final တည်းဖြတ်မှုလုပ်ငန်း၊ Colour ချိန်ညှိမှု လုပ်ငန်း၊ Music/ Dubbing တီးခတ်မှုလုပ်ငန်းတို့ ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို ကြည့်ခြင်း အားဖြင့် လက်ကျန်ရန်ပုံငွေဖြင့် လုံလောက်မှုမရှိသည်ကို သုံးသပ်နိုင်ကြောင်း၊ ထို့ကြောင့် ဘဏ္ဍာငွေရရှိအောင် ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြော ကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုးတို့က ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းများကို အသေးစိတ်တင်ပြကြသည်။

 ဆက်လက်၍  Red Radiance Co., Ltd မှ ဦးမျိုးမင်း၊ Yangon Post Co., Ltd မှ ဦးရဲဝင်း၊ အကယ်ဒမီဓီရာမိုရ်နှင့် သမိုင်း ပညာရှင်များက ရုပ်ရှင်ဇာတ်ကားပြီးစီးအောင်မြင်ရေး ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေး တင်ပြကြ သည်။

ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

(သတင်းစဉ်)