Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ ဆေးရုံ၊ အောင်လံမြို့နှင့် ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့တို့ကို ကွင်းဆင်း စစ်ဆေး

 

နေပြည်တော်၊   မေ  ၁၆ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည်     မေ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီးရှိ ပြည်သူ့ ဆေးရုံ၊ အောင်လံမြို့နှင့် ပဲခူးတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့တို့ကို  ကွင်းဆင်း စစ်ဆေးသည်။

နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံ၊ အောင်လံမြို့   လူနာဆောင်သစ်ရှိ အရေးပေါ်လူနာဌာန၌ တာဝန်ကျ ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု၊ အတွင်းလူနာခန်းများ တွင် လူနာများတက်ရောက် ကုသမှုခံယူနေမှုတို့ကို ကြည့်ရှု စစ်ဆေး သည်။

ထို့နောက် ဆေးရုံ ဝန်ထမ်းများ၊ ဆေးရုံအထောက်အကူပြုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံကာ       မြွေဆိပ် ဖြေဆေး အပါအဝင် လိုအပ်သည့်ဆေးဝါးများ ဖြည့်ဆည်း ပေးလျက်ရှိပါ ကြောင်း၊   ပြည်ပနိုင်ငံများမှ ဗီဇပြောင်း COVID-19 ရောဂါပိုး ဝင်ရောက်မလာနိုင် စေရေး အတွက် ကာ ကွယ် ရေး လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးမှာကြား သည်။

 မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့   အရေးပေါ်ဌာန၊ ခွဲစိတ်နှင့် အရိုးလူနာဆောင်၊ သားဖွား မီးယပ်ဆောင်နှင့် နိုင်ငံတော်ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တိုးချဲ့အထူးကြပ်မတ် ကုသဆောင် ဆောက် လုပ်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

  ဆက်လက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင်   ကျန်းမာရေးဝန်ထမ်းများအတွက် ပညာရှင်ဘွဲ့ ချီးမြှင့်ငွေနှင့် ညတာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ထောက်ပံ့ပေးသည့် ညစာ စားစရိတ်များ ပေးအပ်မည်ဖြစ် ပါကြောင်း၊ ဆက်လက်၍ ကူးစက်နိုင်သော ရောဂါအန္တရာယ်၊ ဓာတ်ရောင် ခြည် အန္တရာယ် စသည်တို့အတွက် risk allowance ချီးမြှင့်နိုင်ရန် စီစဉ်သွားမည်ဖြစ်ပါ ကြောင်း၊   ကျန်းမာရေးဝန်ထမ်းများအနက် COVID-19 ရောဂါ ပထမ အကြိမ်ကာကွယ်ဆေး မထိုးနှံရသေးသူများနှင့် ဒုတိယအကြိမ်ကာကွယ်ဆေး မထိုးနှံရသေးသူများ ကို အမြန်ဆုံးထိုးနှံပေး မည်ဖြစ်ပါကြောင်း ပြောကြား  ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)