နေပြည်တော် မေ ၁၆
စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း သည် ယနေ့ နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဖန်ခါးမြေကုန်သွယ်မှု ဗဟိုဌာနအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ တာဝန်ရှိသူများက ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအတွင်း ခင်းကျင်းပြသထား သည့် မကွေးတိုင်း ဒေသကြီး အတွင်း ထွက်ရှိသည့် ဒေသထုတ်ကုန်များကို အသေးစိတ် လိုက်လံရှင်းလင်း တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ကုန်သွယ်မှုဗဟိုဌာနကို အခြေပြု၍ ဒေသတွင်းကုန်သွယ်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ် အကိုင်အခွင့်အလမ်း များ ပိုမိုရရှိစေရေး၊ ပြည်ပဈေးကွက် ဝယ်လက်များနှင့် ချိတ်ဆက်ပေးနိုင်ရေးအတွက် ကြိုပမ်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာ ဦးစီးဌာန၊ တိုင်းဒေ သကြီးဦးစီးမှူးရုံး ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် လုပ်ငန်း ညွှန်ကြားမှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်လင်းပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)