Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ ၅/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် မေ ၁၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ၅/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေး အဖွဲ့ ကိုယ်စားလှယ်များက သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။ သတင်းစာရှင်းလင်းပွဲ မစ တင်မီတက်ရောက်လာကြသူများ အား COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် တာဝန်ရှိ သူများက လိုအပ်သည့် ကျန်းမာ ရေး ဆိုင်ရာများ ဆောင် ရွက်ပေးပြီး သတ်မှတ်အကွာအဝေး အတိုင်း နေရာချထားပေးသည်။
ရှင်းလင်းပြောကြား
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပညာ ရေးကဏ္ဍဆိုင်ရာ လုပ်ဆောင် ချက်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ၏ ဧပြီလအတွင်း
လုပ်ဆောင်ချက်များ၊ NUG CRPH နှင့် PDF တို့ကို အကြမ်း ဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ သည့်ကိစ္စရပ်များ၊ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးသမားများ ဖော်ထုတ်ရရှိမှု အခြေအနေများ နှင့် ပတ်သက်၍ Powerpoint Presentation op:G$ 3002us တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက် များ၊ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက် ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့် ကာလများ တွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု အခြေအနေများ၊ မဲမသမာမှု ဖြစ်ပေါ်စေရန် ဖိအားပေးစေခိုင်း ခံခဲ့ရမှု ဖြစ်စဉ်ဖြစ်ရပ်များ၊ မဲစာရင်းလက်တွေ့ စစ်ဆေးချက် များနှင့်ပတ်သက်၍ နေ့စဉ်ထုတ် သတင်းစာများတွင် ထုတ်ပြန်ပေး လျက်ရှိပြီး စစ်ဆေးပြီးစီးမှု ပေါင်းချုပ် စာရင်းများကို ဆက်လက် ထုတ်ပြန်ပေးသွား မည့်အခြေအနေများနှင့်ပတ်သက် ၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး m Powerpoint Presentation များ၊ မြေပြင်စစ်ဆေးတွေ့ရှိချက် အချက်အလက်များဖြင့် ရှင်းလင်း ပြောကြားသည်။
ပြန်လည်ရှင်းလင်း ပြောကြား
ထို့နောက် တက်ရောက်လာ ကြသည့် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလို သည့် မေးမြန်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်း သော်နှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
ခင်းကျင်းပြသ အဆိုပါသတင်းစာရှင်းလင်း ပွဲတွင် သတင်းမီဒီယာများ မှီငြမ်း ကိုးကားနိုင်ရေးအတွက် သတင်း စာ ရှင်းလင်းပွဲဆိုင်ရာ အချက် အလက်များ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်း လက်တွေ့ စစ်ဆေးချက်များနှင့် သိရှိနိုင်ရန် လိုအပ်သည့် တွေ့ရှိ ချက် အထောက်အထားများကို ခင်းကျင်းပြသထားရှိရာ သတင်း စာရှင်းလင်းပွဲ တက်ရောက်လာ ကြသူများက လိုက်လံကြည့်ရှု လေ့လာကြသည်။
ဆက်လက်ဖော်ပြသွားမည်
သတင်းစာ ရှင်းလင်းပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့်ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ။ ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းဌာနမှ သတင်းထောက် များလာရောက် သတင်းရယူခဲ့ ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်း ဖြေကြားမှု အပြည့်အစုံကို ဆက်လက် ဖော်ပြသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်