Skip to main content

Sep 09, 2020

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တိုင်း ဒေသကြီးနှင့်ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင်သစ်တောဦးစီးဌာနမှ Video Conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

(၄၁) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ၏ နိုင်ငံရေးရာကော်မတီအစည်းအဝေးကို ယနေ့နံနက် ၇ နာရီခွဲတွင် စတင်ကျင်းပရာ မြန်မာအဖွဲ့ခေါင်းဆောင်၊ AIPA ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာ သန်းဝင်းနှင့် ဦးမောင်မောင်လတ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

တစ်နေ့တခြားကူးစက်ဖြစ်ပွားမှုများပြားလာသည့် ကိုဗစ်-၁၉ ကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ်ကွက်(၂)အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ပိုင်း က အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုက်ခွင့်ဒေသ၊ ရွာငံမြို့နယ်ရှိ ဟံမြင့်မိုရ်-မြို့ကြီး-ရွာငံ-အောင်ပန်းလမ်းပေါ်ရှိ လမ်း၊တံတား ဆောင်ရွက်ပြုပြင်မှုကို ယနေ့မွန်းလွဲ (၂)နာရီခန့် က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် ညွန်ကြားရေးမှူး ဦးထင်ကျော်အေးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိ နှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ရေးကြေညာဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေး နှိုးဆော်ရေး လုပ်ငန်းများ ကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ် အနော်ရထာ တံတား လမ်းဆုံ၊ မြေကြမ်း တောကျေးရွာနှင့် ဂွေးပင်ကျေးရွာများတွင် မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်‌ ရေးနှင့်အရေး‌ပေါ်တုံ့ပြန်‌ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုကူ ညီရေး အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ များအား မျိုးစပါးမျိုးကောင်းမျိုးသန့်ထုတ်ယူ သုံးစွဲနိုင်ရန်ရည်ရွယ်၍ (CE RP)အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်း လုပ်ငန်းကို ယမန်နေ့ညနေပိုင်းက ဆင်ချည်တိုင် ကျေးရွာအုပ်စုနှင့် ပေကုန်းအုပ်စု အတွင်း ၌ရှိသော တောင်သူများ၏ လယ်မြေများ တွင် ကွင်းဆင်းဆောင် ရွက် ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၁၀၂၁)ဦး တို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအသီးသီးရှိ အဘိုးဘွားများ၏ လက်ဝယ်သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ သွားရောက်ပေး အပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သတ်သည့် မြေပြင်အခြေအနေများကို ယမန်နေ့ နံနက်က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် ပရဟိတအသင်း အဖွဲ့ များနှင့် စေတနာရှင် အလှူရှင်များမှလှူဒါန်းသော နှားခေါင်းစည်း Mask အခုရေ (၁၄၀၀) ကို ယနေ့နံနက်ပိုင်းက မင်းဘူး-စကု ကားလမ်းရှိ လမ်းသွားလမ်းလာသူများ၊ မြို့မဈေးနှင့် ဈေးဝန်းကျင်အနီး ရောင်းချနေသောဈေးသည်များကို အခမဲ့ဖြန်ဝေ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် မိုးစပါး စေ့ထုတ်စိုက်ခင်းကို ကျေးရွာအုပ်စု(၂၄)အုပ်စုတွင် တောင်သူ ပေါင်း (၁၂၆)ဦးမှ မနောသုခ (၉၅) ဧက၊ဆင်းသုခ(၁၁၅) ဧက၊မှော်ဘီ-၂ ဧက(၃၀)၊ ပြည်တော်ရင်(၅)ဧက၊ရတနာတိုး(၅)ဧက စုစုပေါင်း ဧက(၂၅၀)စိုက်ပျိုးပြီးစီးပြီ ဖြစ် သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ ၈ ရက် နေ့တွင် ကျင်းပပြုလုပ်မည့်တီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒ ရှင်ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်း ဆောင်ရန် အထူးရဲ(၁၂၀)ဦးခန့်အပ်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ COVID – 19 ရောဂါနှင့် ပက်သက်ပြီး ကြိုတင် ကာကွယ် နိုင်ရန်နှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် အခွင့် အရေး မဆုံးရှုံးစေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သိကောင်း စရာများကို မြို့နယ်ရုံး မြေစိုက်ဘုတ် တွင် အသိပညာပေး ပြုလုပ်ပြသထားရှိရာ ယနေ့ နံနက်ပိုင်းက မြို့တွင်း ဖြတ်သန်းသွားလာသော ပြည်သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် COVID – 19 ရောဂါ ကူးစက်ပြန့်ပွား မှုမရှိ စေရေးအတွက် ပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၉ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူ - စလင်း - မင်းဘူးသွားကားလမ်း ပွင့်ဖြူမြို့အဝင်/ အထွက်နေရာတွင် စုရပ်ပြုလုပ်၍ နှာခေါင်းစည်း မပါဘဲ အပြင်သွားလာသူများကို ဖမ်းဆီးအရေးယူခြင်းများ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်များလုံခြုံ စိတ်ချစွာမဲ ပေးနိုင်ရေး အတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲ ၂၇၉ ဦးခန့်အပ် တာဝန် ပေးအသုံးပြုသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွါးရေး ကုစားမှု အစီစဉ် (CERP) ဖြင့် ထောက်ပံ့မှုအရဆောင်ရွက်သော ပေါ်ဆန်းရင်မျိုးစေ့ထုတ်မိုးစပါး R.S မျိုး (၁၅၀)ဧက ကိုစိုက်ပျိုးရန်လျာထားရာ ယနေ့အချိန်ထိ(၁၅၀)ဧကစိုက်ပျိုးပြီးဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ‌ အေးဇံသည် ကျိုက်ထိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၀င်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအား ယမန်နေ့ မွန်းလွဲ (၃)နာရီခန့်က ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် လုပ် ကိုင် လျက်ရှိသည့် ယိုးဒယားပလတ်စတစ်ခြင်းများကို အိမ်တွင်း စီးပွားဖြစ်လုပ်ကိုင် လျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်းကြိုတင်မှာယူသူများလာသဖြင့် အဝယ်လိုက် ၍ တိုး ချဲ့ လုပ်ကိုင် ရောင်းချလျက် ရှိကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်