Skip to main content

ရန်ကုန်မြို့ခရီးသွားဝန်ဆောင်မှု အဓိကမဏ္ဍိုင်ဖြစ်သော YRTA ကို YPTC အဖြစ်ပြောင်းလဲဖွဲ့စည်း

ရန်ကုန် မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့ YBS အပါအဝင် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ ကြီးကြပ်ကိုင်တွယ်သော ယခင် YRTA (Yangon Region Transport Authority) ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ကို ယခုအခါ YPTC (Yangon Region Privately Transport Committee) ဟု ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ဟု ပြောင်းလဲဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
မြို့ပြသယ်ယူပို့ဆောင်ရေး
“ဒီ YPTC နဲ့ ပတ်သက်လို့ ယခင် YRTA ကို စတင်ပြောင်းလဲ ဖွဲ့စည်းခဲ့တာက ပြီးခဲ့တဲ့ ဧပြီ ၂၃ရက်ကပါ။ပြောင်းလဲဖွဲ့စည်းတဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန် မှာ ဝန်ဆောင်မှုကောင်းတဲ့ YBS စနစ်ပေါ်ပေါက်ရေး၊ ဘေးကင်း လုံခြုံ ပြီးရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ အများပြည်သူ သယ်ယူပို့ဆောင် ရေးစနစ် ဖော်ဆောင်ရေး၊ အများ ပြည်သူ သယ်ယူပို့ဆောင်ရေးမှာ ITS ccaTon (Intelligent Transporation System) ကို ပိုမိုအသုံးပြုနိုင်ရေး ı Smart Mobitily နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ရန်ကုန် မြို့ပြသယ်ယူ ပို့ဆောင်ရေးကောင်း မွန်လာပြီး အဲဒီကတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အခြေပြု လူမှုရေး၊ စီးပွားရေးအပါအဝင် စတဲ့အချက်တွေပေါ် အခြေခံပြီး နိုင်ငံတော်တိုးတက်မှုကို ဖော်
ဆောင်နိုင်ဖို့ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YPTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန် ကျင့်မန်က ပြောသည်။ ယခု ပြန်လည်ဖွဲ့စည်းလိုက် သော ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YPTC)ကို ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ လမ်းညွှန်မှု ဖြင့် လုပ်ငန်းစဉ်များကို ဆောင် ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး ဝင်းတင့် က တာဝန်ယူဆောင်ရွက်လျက် ရှိရာ ဦးချစ်ကိုကိုက ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ပြီး အဖွဲ့ဝင်ကိုးဦးဖြင့် ပြန်လည် ဖွဲ့စည်းထားကြောင်း သိရသည်။
နေ့စဉ်ခရီးသည်လိုက်ပါစီးနင်းမှု
ရန်ကုန်မြို့၌ပြီးခဲ့သောပြီလ အတွင်း ခရီးသွားလာမှုအခြေ အနေမှာ YBS ခရီးသည်တင်ယာဉ် အစီး ၁၄၇၀ ခန့်ထွက်ရှိပြီး ခရီး သည်နှစ်သိန်းကျော် နေ့စဉ်စီးနင်း ခဲ့သည်။ ယခုအခါ ရန်ကုန်မြို့၌ လုပ်ငန်းခွင်အသီးသီး ပြန်လည် လည်ပတ်လာမှုကြောင့် ခရီး သွားလာမှု ပိုမိုများပြားလာရာ ( ယခု မေ ၁၂ ရက်တွင် YBS ယာဉ် | လိုင်း ၉၇ လိုင်းမှ ယာဉ်အစီးရေ ၂၅၄၉ စီး တိုးချဲ့ပြေးဆွဲလာရာ နေ့စဉ် ခရီးသည်လိုက်ပါစီးနင်းမှု မှာ ယခင် နှစ်သိန်းကျော်မှ နှစ်ဆ တိုးကာ လေးသိန်းကျော်အထိ များပြားလာကြောင်း သိရသည်။ ဧပြီလနှင့် နှိုင်းယှဉ်ပါက နေ့စဉ် ခရီးသည်လိုက်ပါစီးနင်းမှုမှာ ယခု မေလဆန်းပိုင်းတွင် နှစ်ဆခန့် တိုးတက်လာသည်။
အဆင်ပြေစွာ ပြေးဆွဲပေးနိုင်ရေး
ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YPTC) အနေဖြင့် ရန်ကုန်မြို့အတွင်း ခရီး သွားပြည်သူများ၏ လိုအပ်မှုနှင့် အညီ ဝန်ဆောင်မှုပိုမိုကောင်းမွန် ရေး ကြိုးပမ်းလျက်ရှိပြီး အများ ပြည်သူခရီးသွားလာမှုအဆင်ပြေ ရန်အတွက်လည်း ဆက်လက် ဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် ပြီးခဲ့သော မေ ၅ ရက်က စတင် ဖွင့်လှစ်ခဲ့သောတက္ကသိုလ်အသီးသီး ယာဉ်လိုင်းများကိုလည်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား များ သွားလာမှုအဆင်ပြေစေရန် ယာဉ်လိုင်းအသီးသီး ပြေးဆွဲပေး လျက်ရှိပြီး လာမည့် ဇွန် ၁ ရက် တွင် ဖွင့်လှစ်မည့် အခြေခံပညာ ကျောင်းများအတွက် ကျောင်း ကားများ အဆင်ပြေစွာ ပြေးဆွဲ ပေးနိုင်ရေးကိုလည်း စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
မောင်စိန်လွင် (မြန်မာ့အလင်း)