Skip to main content

ပျဉ်းမနား-တောင်တွင်းကြီး - ပျဉ်းမနား အမှတ်(၁၀၃)အဆန်၊ အမှတ်(၁၀၄) အစုန် RBE ရထား စတင်ပြေးဆွဲ

တောင်တွင်းကြီး မေ ၁၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ရထားစီးခရီးသည် မိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် ရထားလမ်းပိုင်းအသီးသီးတွင် ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ယခုထပ်မံ၍ မေ ၁၅ ရက် နံနက် ၆ နာရီမှ စတင်ကာ ပျဉ်းမနားဘူတာမှ ပျဉ်းမနား တောင်တွင်းကြီး အမှတ်(၁၀၃) အဆန် RBE ရထားကို တွဲနှစ်တွဲဖြင့် စတင်ပြေးဆွဲရာ တောင်တွင်းကြီးဘူတာသို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိ ပြီး ရထားစီးခရီးသည်များကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ မီးရထားမှ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့များက ကြိုဆို နှုတ်ဆက်ကြကာ ခရီးသွား ပြည်သူများ ဘေးကင်းလုံခြုံ စွာ သွားလာနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါရထားသည် အမှတ် (၁၀၄) အစုန်ရထားအဖြစ် တောင်တွင်းကြီးမှ နေ့စဉ် မွန်းတည့် ၁၂ နာရီတွင် စတင် ထွက်ခွာ၍ ပျဉ်းမနားဘူတာသို့ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
၀၈၅