Skip to main content

မိုးယွန်းကြီးအင်း ဘေးမဲ့တောကို အများပြည်သူအပန်းဖြေလေ့လာရန် ဖွင့်လှစ်ထား

 

ရန်ကုန် မေ ၁၆

မြန်မာနိုင်ငံတွင် မျိုးသုဉ်းလုနီးပါး ရေပျော်ငှက်များနှင့် ဆောင်းခိုငှက်မျိုးစိတ် ၁၇၂ မျိုးနားခိုရာ ပဲခူးတိုင်းဒေသကြီး  မိုးယွန်းကြီးအင်းဘေးမဲ့တောကို အများပြည်သူ လေ့လာ  အပန်းဖြေရန် ဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါ မိုးယွန်းကြီးအင်းဘေးမဲ့တောတွင်ဌာနေရေပျော် ငှက် ၁၁ ခန့်နှင့် ဆောင်းခိုငှက်မျိုးစိတ် ၄၀ကျော် ကျက်စား သောကြောင့် ရေဝပ်ဒေသဘေးမဲ့တော၌ ငှက်မျိုးစိတ်ပေါင်း ၁၇၂ မျိုးကို မှတ်တမ်းတင်ထားပြီး ယခု လမှစ၍ ဆောင်းခို ငှက်များနေရပ်ဒေသသို့ပြန်ချိန်တွင်ဌာနေရေပျော်ငှက်မျိုးစိတ် တို့ နေထိုင်ကျက်စားလျက် ရှိ သည်။ မိုးယွန်းကြီးအင်း ဘေးမဲ့တော မှာ ရေပျော်ငှက်နဲ့ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၁၂ မျိုးကို မှတ်တမ်း တင်ထား ၂ ပါတယ်။ ရှားပါးငှက်မျိုးစိတ်ဆိုရင်ကြိုးကြာခေါင်းနီ၊ ငှက်ကျား၊ ခရုလုပ် ခေါင်းမည်းနဲ့ ငှက်ကြီးဝန်ပို စတဲ့ မျိုးသုဉ်းလုနီးပါး   ငှက်မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်ပါတယ်။ ဒီမှာ လေ့လာမှုအပြင် အပန်းဖြေ ခိုလို့ ရအောင် စီမံပေးထားပြီးတော့ ကိုဗစ် -၁၉ ရောဂါမတိုင်မီက ပြည်တွင်းပြည်ပ ခရီးသွားတွေ လာကြပါတယ်။ အခုလည်း ကိုဗစ်-၁၉ စည်းကမ်းနဲ့အညီ အပန်းဖြေ လာရောက်လေ့လာလို့ ရပါတယ် ဟု မိုးယွန်းကြီးအင်း ဘေးမဲ့ တောအုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက ပြောသည်။

နိုင်ငံတိုင်းမှ ကာကွယ်စောင့်ရှောက် ထိုဘေးမဲ့အင်းသို့ ဆောင်းခိုငှက်များ အောက်တိုဘာလ မှ မတ်လအထိ နှစ်စဉ် လာရောက်ဆောင်းခိုလေ့ရှိပြီး ကမ္ဘာ့ မြောက်ခြမ်း၌ ရေအေးခဲချိန် နေ့တာတို၍ ညတာရှည်ချိန် အစာရေစာ ရှားပါး မှုကြောင့် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသသို့ လရောက်ဆောင်းခိုခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ဧပြီလအထိ ဆောင်းခို ငှက်များ မိုးယွန်းကြီးအင်း ဘေးမဲ့တောတွင် နေထိုင်လေ့ရှိပြီး  ယခုဆောင်းခိုရာသီတွင် ဆောင်းခိုငှက် သစ်တစ် မျိုးဖြစ်သော Shear water ငှက်အသစ်ရောက်ရှိလာသောကြောင့် မှတ်တမ်းဝင် စာရင်းပြုစု ထားသည်။ ထိုသို့ဆောင်းခိုငှက်များကိုထိန်းသိမ်းကာကွယ်ခြင်းဖြင့် သက်ဆိုင်ရာနိုင်ငံတို့ရှိ ရေဝပ်ဒေသတို့တွင် ပြည်တွင်း ပြည်ပခရီးသွား တို့ လေ့လာကြည့်ရှုနိုင်သော အခြေခံခရီးသွားလုပ်ငန်းကို မြှင့်တင် ဖက်ဆောင် လျက်ရှိရာ အပန်းဖြေလေ့လာရာနေရာတစ်ခုအဖြစ် ဝင်ငွေ ရရှိသောကြောင့် နိုင်ငံတိုင်းတွင် ထိုဆောင်းခို ငှက်တို့ကို ကာကွယ် စောင့်ရှောက်ခြင်း ဖြစ်သည်။

ဧပြီလမှစ၍ မိုးယွန်းကြီးအင်း ဘေးမဲ့တောတွင် ဌာနေရေပျော်ငှက် များဖြစ်သော မယ်ညို၊ ငှက်စလူး ရေဘဲ၊ ဗျိုင်း၊ အော်ရော်ငှက်အပါအဝင် ရေပျော်ငှက်များ အများဆုံးတွေ့ရှိရပြီး တစ်နှစ်ပတ်လုံးကျက်စားနေ ထိုင်လျက် ရေဝပ် ဧရိယာဖြစ်သောကြောင့် သစ်ပင်ကြီးများမရှိဘဲ မြက်တော၊ ဒိုက်တောနှင့် မျိုးစုံပေါက်ရောက်လျက်ရှိသည်။ မိုးယွန်း ကြီးအင်း ဘေးမဲ့တောဧရိယာမှာ ဧက ၁၅၆၀၀ စတုရန်းမိုင် ၄၀ ကျယ်ဝန်းပြီး သစ်တောဦးစီးဌာနမှ ဧက ၃၆၀ အကျယ်တွင် ရွှေပြည်အေးကုမ္ပဏီထံ နှစ်ရှည်ငှားရမ်း၍အပန်းဖြေစခန်း၊ ကြာမျိုးစုံနှင့် ရေပျော် ငှက်တို့ကို ကြည့်ရှုရန် စက်လှေဖြင့် ဝန်ဆောင်မှုပေးထားသော   ကြောင့် ထိုငှားရမ်းမှုမှ ဌာနအတွက် နှစ်စဉ်ဝင်ငွေရရှိသည်။

ကိုဗစ်-၁၉ ရာဂါမတိုင်မီက ပြည်တွင်းပြည်ပမှလာရောက်လေ့လာ မှုများသော နေရာတစ်ခုဖြစ်ခဲ့ပြီး တစ်နှစ်လျှင် ခရီးသွား ၈၀၀၀၀ ခန့် လာရောက်လည်ပတ်ခဲ့သည်။ ပြည်ပခရီးသွားများအနေဖြင့် နိုင်ငံခြား ခရီသွားနှင့် ငှက်ဝါ သနာရှင်များလာရောက်လေ့ရှိပြီး ပြည်တွင်းခရီးသွား များလည်း အပန်းဖြေလေ့ရှိသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ

ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းနှင့်အညီ လာရောက်လေ့လာ အပန်းဖြေသူများရှိပြီး ဧပြီလက ခရီးသွား ၂၈ဝဝ ခန့် လာရောက် လည်ပတ်ခဲ့ကာ မိုးယွန်းကြီးအင်းဘေးမဲ့ဘာဝင်ကြေး တစ်ဦးလျှင် ငွေကျပ် ၁၀၀၀ ဖြစ်သည်။ ညအိပ်ခရီးစဉ်အနေဖြင့် လည်ပတ်နိုင်ပြီး ပဲခူးမြို့မှ ၄၂မိုင်အကွာ ပျဉ်ပုံကြီးအလွန် ရန်ကုန်-မန္တလေး ကားလမ်း ဟောင်းဘေး၌ မိုးယွန်းအင်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ဖွင့်လှစ်ထားသည်။ ။

မြန်မာနိုင်ငံတွင်း မျိုးသုဉ်းလုနီးပါးဖြစ်သော ငှက်မျိုးစိတ်တို့ကို အင်းတော်ကြီးအိုင်၊ အင်းလေးကန်အပါအဝင် ရေဝပ်ဒေသတို့၌ ကျက်စားသည့်နည်းတူ ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်း ဘေးမဲ့ တောတွင်လည်း ဌာနေ ငှက်များအဖြစ် နေထိုင်လျက်ရှိရာ ထိုအင်းသို့ ကမ္ဘာ့မြောက်ခြမ်းမှ ဆောင်းခိုငှက်များ နှစ်စဉ်လာရောက်ကျက်စား နားခိုခြင်းကြောင့် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဂေဟ စနစ်ကို ထိန်းသိမ်း ကာကွယ်ထားသော မိုးယွန်းကြီးအင်း ဘေးမဲ့တောတွင် မျိုးသုဉ်းလုနီးပါး ငှက်မျိုးစိတ်အပါအဝင် ဌာနေ ရေပျော် ငှက်နှင့် ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၁၇၂ မျိုးရှင်သန်ကျက်စား လျက် အပန်းဖြေခရီးစဉ်နှင့် ငှက်ဝါသနာရှင် တို့ကြည့်ရှုလေ့လာနိုင်ရန် ဖွင့်လှစ်ထားကြောင်း သိရသည်။

ညိမ်းသူ၊ ဓာတ်ပုံ - ကနူး