နေပြည်တော် မေ ၁၅
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ် အချို့၌ လက်နက်ကိုင်ဆောင်လိုခြင်း မရှိဘဲ အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုမှ၎င်းတို့၏ သဘောဆန္ဒ အလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်နှင့် တူမီးသေနတ် များကို အုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
လာရောက်အပ်နှံ
ထိုသို့အပ်နှံရာတွင် ၁၄ ရက်က ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ လက်လုပ် သေနတ် ၄၄ လက်ကို လည်းကောင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာ များမှ တူမီးသေနတ် ငါးလက်ကို လည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ ကြောင်း သိရသည်။
လက်ခံရယူ
ထိုကဲ့သို့ လက်နက်ကိုင်ဆောင် လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ် သေနတ်နှင့် တူမီးသေနတ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူ ခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်