Skip to main content

ဝိုင်းမော်မြို့နယ်တွင် ငွေကျပ်သိန်း ၇၆၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၅
ဝိုင်းမော်မြို့နယ်တွင် ငွေကျပ်သိန်း ၇၆၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မေ ၁၄ရက် ညနေ ၄ နာရီတွင် ဝိုင်းမော်မြို့နယ် ဝိုင်းမော်-မြစ်ကြီးနားသွားကားလမ်း ရွှေညောင်ပင်ကျေးရွာအနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ထွယ် (၂ဝနှစ်)နှင့် အောင်ဒီးမိုင် (၁၈နှစ်)တို့ စီးနင်းလာသည့် မော်တော် ဆိုင်ကယ်နှင့် ဇော်အိန်(၂၃ နှစ်) မောင်းနှင်ပြီး မရစ်လယမ် (၂၉ နှစ်) လိုက်ပါလာသည့် LANDCRUISER မော်တော်ယာဉ် တို့ကိုရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၆၀ တန်ဖိုးရှိ ဘိန်းဖြူ ၃ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူ များအား ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်မှ ကချင်ပြည်နယ် ဖားကန့်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်