နေပြည်တော် မေ ၁၅
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် မေ ၁၅ ရက် နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ဇာဒက် ကြီးကျေးရွာအုပ်စုရှိ TZK Com; ltd မှ ဟိုတယ်လုပ်ငန်းဆောင်ရွက်လျှက်ရှိသည့် ညောင်ဦး ဖီးကျွန်းကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
အဆိုပါကျွန်းသည် ကမ်းခြေမှ ပေ(၅၀)ခန့် အကွာတွင် လှပသော ရေအောက် သန္တာကျောက်တန်းများရှိသဖြင့် Snorkeling ပြုလုပ်နိုင်သော Sonrkeling Site (၆)ခုရှိပြီး ကျွှန်းပေါ်တွင် Trekking ၊ Hiking ပြုလုပ်နိုင်ခြင်းနှင့် ပင်လယ်ပြင်၏ နေဝင်ဆည်း ဆာအလှကို ကြည့်ရှုခံစားနိုင်သဖြင့် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ အမြောက် အများ လာရောက်လည်ပတ်သည့် ကျွှန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခက်ရင်းခွကျွန်းသို့ ရောက်ရှိရာ တာဝန်ရှိ သူများက ကျွန်းပေါ်တွင် ဟိုတယ်လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။ အဆိုပါကျွန်းသည် ကမ္ဘာလှည့် အပျှော်စီးသင်္ဘောနှင့် စက်တပ်ရွက်လှေများ နာခိုသော ကျွန်းဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည်များ ကျွန်းပေါ်တွင် Hikking ပြုလုပ်နိုင် ခြင်း အောက်ချင်းငှက်များကြည့်ရှုနိုင်သည့်အပြင် ကျွန်း၏ ပတ်လည်တွင် Scuba diving ပြုလုပ် နိုင်သည့် Diving ဆိုက်များ ရှိသောကြောင့် ရေအောက်သဘာဝအလှအပများကို ကြည့်ရှုလေ့လာ နိုင်သော ခရီးစဉ်များဆောင်ရွက်နိုင်သည့် နေရာတစ်ခုဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လည်ရွဲလေးလုံးကျွန်းအနီးရှိ Snorkeling Site များ တည်ရှိသောနေရာများအားအမြန်ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၂)မိုင်ခန့် အကွာတွင် တည်ရှိသော သူဌေးကျွန်းဟိုတယ်ကို ကြည့်ရှုခဲ့ပြီး ကော့သောင်း မြို့ရှိ ဘုရင့်အငူ၊ ဘုရင့်နောင်ကုန်း၊ ၅၅၅ တောင်ကုန်းသို့ သွားရောက်ကြည့်ရှု ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုလုံးတုံးတုံးတံတား နှင့် ကမ်းခြေအား မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုပြီး Victoria Cliff Hotel တွင် ဟိုတယ်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ဟိုတယ်ဝင်းအတွင်းရှိ သီးပင်စားပင်များ စိုက်ပျိုးထား သော Organic Farm အား ကြည့်ရှု လေ့လာသည်။
တနင်္သာတိုင်းဒေသကြီးကော့သောင်းခရိုင် မြိတ်ကျွန်းစုဒေသ မြန်မာ့ပင်လယ် ရေပြင်တွင် Snorkeling ပြုလုပ်နိုင်ခြင်း Scuba Diving ပြုလုပ်နိုင်ခြင်း၊ ဒီရေတောများ အတွင်းလေ့လာအပန်းဖြေ နိုင်ခြင်းနှင့် ကျွန်းပေါ်ကမ်းခြေများတွင် အနားယူအပန်းဖြေ ခြင်းစသည့် အဏ္ဏဝါခရီးသွား လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့်အပြင် ခရီးသွား ဧည့်သည်များအတွက် ရွေးချယ်လည်ပတ်နိုင်စရာ ခရီးစဉ်ဒေသ အသစ်များကိုလည်း ရှာဖွေဖော်ထုတ်နိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)