Sep 22, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုနှင့် ဒုတိယဝန်ကြီး ဦးထွန်းအုံတို့သည် ယနေ့မွန်းလွဲ ၂ နာရီက အမျိုးသားပြတိုက်(နေပြည်တော်)သို့ ရောက်ရှိပြီး Vault အခန်းတွင် ထိန်းသိမ်းထားရှိသော ယဉ်ကျေးမှုတန်ဖိုးမြင့်မားသည့် မြင်းမူမြို့နယ်မှ ရရှိသော နယားခေါင်းလက်ကြပ်၊ ကျိုက္ကသာမြို့ဟောင်းမှရရှိသော ရွှေပြားများ၊ ပုဂံခေတ်တာ ရာဒေဝီ နတ်သမီးပုံ၊ ပုလဲမြို့နယ်မှရရှိသော ပျူခေတ်ပုတီးလုံးများ၊ တွံတေးမြို့နယ်မှရရှိသော ပုဂံခေတ်ရွှေအုန်းဖူး ဆွဲကြိုးအစရှိသည့် ယဉ်ကျေးမှုအမွေ အနှစ်ရှေးဟောင်းရွှေထည် ပစ္စည်း(၆၀၁)ခုကို ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် အမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးသင်းတို့က ရှင်းလင်းတင်ပြကြသည်။
Sep 22, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီစီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မြဝတီနှင့် ချင်း ရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း (၂) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၇) ခုမှ ယာဉ်စီးရေ (၁၆)စီးဖြင့် အောက်ဆီဂျင်အရည် Bowser ယာဉ်(၂)စီးဖြင့် (၄၃)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၁၅၇၉) ခု၊ Oxygen Plant (၈)ခု၊ အိမ်သုံး Oxygen Concentrator (၆၈) ခု၊ လက်အိတ် (၁၄) တန်နှင့် နှာခေါင်းစည်း (Mask) (၅၉) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည် Bowser ယာဉ်(၂)စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant(၈)ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့(၇)ခုနှင့် ချင်းရွှေဟော်မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ (၁)ခုဖြစ်ကြောင်း သိရှိရသည်။
Sep 22, 2021
ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်အတွက် ကြက်၊ ဝက်များကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်မွေးမြူရန်နှင့် ပြည်ပသို့ အေးခဲအသားများအဖြစ် တင်ပို့နိုင်ရေးဆောင်ရွက်သွားရန် နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ လက်ရှိ ငါး/ အသား အေးခဲတင်ပို့မှု အခြေအနေနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်မှု အလားအလာများကို သုံးသပ်၍ အစိုးရပိုင်းနှင့် ပုဂ္ဂလိကကဏ္ဍများက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် Action Plan ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးရုံး၌ကျင်းပသည့် တိရစ္ဆာန်၊ အသား၊ ငါးကဏ္ဍ ပို့ကုန်မြှင့်တင်ရန် Action Plan ရေးဆွဲဆောင် ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ အာရှဒေသတွင်းနိုင်ငံများအတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 22, 2021
နေပြည်တော် စက်တင်ဘာ ၂၂
Sep 22, 2021
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။
Sep 22, 2021
ရန်ကုန် စက်တင်ဘာ ၂၂
Sep 22, 2021
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Sep 22, 2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ကာကွယ်ဆေး ထိုးနှံရေး စင်တာတွင် ကာကွယ်ဆေးထိုးနှံပေးနေမှု ကြည့်ရှုအားပေးသည်။
Sep 22, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (သထုံ)တွင် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ဆိုင်ရာ အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းကို မွန်ပြည်နယ် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Sep 22, 2021
မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံသား ၁၇ ဦး အမြန်ဆုံးနေရပ် ပြန်နိုင်ရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးတို့မှ တာဝန်ရှိသူများက မလေးရှားနိုင်ငံမှ ဌာနဆိုင်ရာများနှင့် လိုအပ်သည့်ညှိနှိုင်းစစ်ဆေးမှုများ ပြုလုပ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ စက်တင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ၎င်းတို့၏ ဝမ်းသာပီတိစကားသံများကို အောက်ပါအတိုင်းကြားရသည်။
Sep 22, 2021
မလေးရှားနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၇ ဦးသည် မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အတွက် ဆောင်ရွက်ခဲ့စဉ် ငွေကြေးလိမ်လည်ခြင်းခံရပြီး နေရပ်သို့ ပြန်နိုင်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိရာ အဆိုပါနိုင်ငံသားများအား နိုင်ငံတော်မှ ကုန်ကျစရိတ်ကျခံ၍ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာလ ၆ ရက်တွင် ပြုလုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး၌ လမ်းညွှန်မှာကြားခဲ့သည်။
Sep 22, 2021
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြန်လည်စိစစ်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Sep 22, 2021
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တောအနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ်ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသားကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေသူများ ဖြစ်ပါသည်။ ။
Sep 22, 2021
ပဲခူးမြို့ရှိ ဧရာဝတီဘဏ်ခွဲမှ ရန်ကုန်မြို့သို့ ဘဏ်ငွေ များ သယ်ဆောင်လာသော မော်တော်ယာဉ်နှစ်စီး အား PDF အကြမ်းဖက်အဖွဲ့ဝင်များက ရဲတပ်ဖွဲ့ဝင် များအဖြစ် အယောင်ဆောင်၍ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၂၅/၅ နေရာ၌ ဓားပြတိုက်လုယက် ယူဆောင်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
Sep 22, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီသုံးခုမှ D Parin-E (Enoxaparin Sodium) ၂၈၀၀၀၊ Pimcef Injection ၂၀၀၀၊ Merofenem Injection ၁၅၀၀၊ Ronem Injection ၁၅၀၀၊ Clavox Tablets ၆၀၀၀၊
Sep 22, 2021
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ် (၈) ရပ်ကွက် နှင်းဆီလမ်းရှိ ကံဘဲ့ စည်ပင် ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး အတွက် ဈေးသို့သွားရောက်ရန် မလိုဘဲနေအိမ်အနီး အလွယ်တကူ ဝယ်ယူနိုင်ရန်ရောင်းချပေးနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များနှင့်အညီ ဈေးဝယ်မှု ပြုလုပ်ကြရန် မှာကြားသည်။ ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည်ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (၄၅) ရပ်ကွက် အောင်သပြေလမ်းရှိပြည်ထောင်စု မြောင်းမကြီးအတွင်း အမှိုက်များ၊
Sep 22, 2021
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် တားဆီးရေး နည်းလမ်းများကို တိကျစွာလိုက်နာပြီး လိုက်လျော ညီထွေမှုရှိသည့် လူနေမှုပုံစံသစ် ဖြင့် သင်ကြားသင်ယူခြင်းနှင့် သုတေသနလုပ်ငန်းများဆောင်ရွက် နိုင်ရေး စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယနေ့နံနက်ပိုင်း ကရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွင် ကျင်းပလျက်ရှိသည့် ဘွဲ့လွန် နှင့် ပါရဂူဘွဲ့ သင်တန်းသား သင်တန်းသူများ၏ဒုတိယနှစ်ဝက် ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တာဝန်ရှိသူများအား ပြောကြားသည်။
Sep 22, 2021
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခြင်း အပေါ် ပြန်လည်ကုစားရေး ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှုအခြေအနေ ရှင်းလင်း တင်ပြခြင်းနှင့် ဝန်ကြီးဌာနအားလုံး တစ်ပြေးညီ ဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃နာရီတွင်နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ် -၁၉ ရောဂါ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။
Sep 22, 2021
ထန်တလန်မြို့ ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ သေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့သည်။
Sep 22, 2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ နောင်ချို ထပ်ဆင့် လွှင့်စက်ရုံတာဝန်ခံတို့အား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ များ မှာကြားပြီး နောင်ချိုထပ်ဆင့်လွှင့်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
