Sep 22, 2021
စက်တင်ဘာလဆန်းပိုင်းမှစ၍ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် မြန်မာ့ရှေးဟောင်း အမွေအနှစ်တို့စုဝေးရာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း၌ ရေဝပ် ရေလျှံမှုဖြစ်ပေါ်ခဲ့၍ ပျက်စီးမှုအချို့ ရှိခဲ့သောကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဘုရား၊ စေတီ၊ ပုထိုးများ ရေရှည်တည်တံ့မှုအတွက် ဝိုင်းဝန်းထိန်း သိမ်းစောင့်ရှောက်ရန် လိုအပ်လာသည်။
Sep 22, 2021
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်က တာဝန်လွှဲပြောင်းရယူခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ် ငန်းစဉ်(၅)ရပ်ချမှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး ဆောင်ရွက် လျက်ရှိရာ တည်ငြိမ်အေးချမ်းရေးကို မလိုလားသော နိုင်ငံရေးအစွန်းရောက် NLD ပါတီဝင်များနှင့် ၎င်းတို့ကိုထောက်ခံသူများ၊ CRPH နှင့် NUG တို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူဆန္ဒပြမှု များတွင် ပါဝင်ခဲ့သော်လည်း အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် လူသတ်၊ လုယက်၊ မီးရှို့မှုများ၊ အများပြည်သူအား အုပ်စုဖွဲ့ တိုက်ခိုက်မှု၊ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများ ဖျက်ဆီးမှုနှင့် အခြားပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိသူများ၊ CDM လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်မှု မရှိသူများအား ၎င်းတို့အပေါ် အရေးယူထားမှုများကို ဥပဒေနှင့်အညီ ပြန်လည်ဖြေလျှော့ပေးခဲ့ရာ ဖမ်းဆီးထိန်းသိမ်းခဲ့သူ (၅၃၁၅)ဦးအား လွှတ်ပေးခဲ့ပြီးဖြစ်သည်။
Sep 22, 2021
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် စမ်းချောင်းမြို့နယ်၊ သံတံတား ရပ်ကွက်၊ ဗဟိုလမ်းနှင့်ဇလွန်လမ်းဆုံ၌ လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ စက်တင်ဘာလ ၁၅ ရက်တွင် ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ပိုက်လုံးလမ်း၊ တိုက်(၇၀) အခန်း(၄၁)သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေ ခဲ့ရာ ကျော်စိုးလင်း(ခ) မိုက်ကယ်၊ ဇော်လင်းထွန်း၊ စည်သူဖြိုး(ခ)ဇင်ကို တို့ (၃)ဦးအား ဖမ်းဆီးရမိခဲ့သည်။
Sep 22, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။
Sep 22, 2021
နိုင်ငံတစ်နိုင်ငံ စားနပ်ရိက္ခာဖွံ့ဖြိုးတိုးတက်ရေးတွင် စိုက်ပျိုးရေးလုပ်ငန်းပြီးလျှင် မွေးမြူရေး လုပ်ငန်းသည် ဒုတိယအရေးအကြီးဆုံး ဖြစ်သည်။ နေ့စဉ် ပြည်သူများအတွက် အသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မွေးမြူရေးလုပ်ငန်းတွင် တိရစ္ဆာန်အစာများကို ရှာဖွေရင်းနှီးမြှုပ်နှံရသည်။ ယခုအခါ လူမှုစီးပွားရေးဘဝကို ချဲ့ထွင်လာသောကြောင့် စားကျက်မြေများ ရှားပါးလာသည်။ တိရစ္ဆာန်များအတွက် အစားအစာ အခက်အခဲရှိလာသည်။ ယင်းအချက်ကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံသာမက အခြားနိုင်ငံများပါ အလေးထားလာရသည်။
Sep 22, 2021
၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်သည့် ရှေ့ပြေးသန်းခေါင်စာရင်းအရ မိမိတို့ နိုင်ငံတွင် အထက်တန်းပညာ မသင်ကြားဖူးသူနှင့် စာလုံးဝမကတ်မြောက်သူ ဦးရေသည် မြင့်မားလျက်ရှိသည်ကို တွေ့ရှိရပြီး ပြည်နယ် များတွင် ပညာရေးနှင့် ပတ်သက်ပါက ပိုမိုအားနည်းလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ပညာရေးကို အလေးပေးဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၈ ရက်တွင် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Sep 21, 2021
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ (၅/၇)ဗြဟ္မစိုရ်လမ်းရှိ ကမ္ဘာ့ရတနာဘဏ်ခွဲအား EE-4402 CALDINA အဖြူရောင်အငှားယာဉ်ဖြင့် အမျိုးသား ၄ ဦးက သေနတ် ၃ ချက်ပစ်ဖောက်၍ ငွေကျပ်(၁၈၅)သိန်းအား လည်းကောင်း၊ ဩဂုတ်လ ၃၀ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သမိုင်းမြို့ဟောင်း(၈)လမ်းရှိ ဘုရင့်နောင် ကမ္ဘာ့ရတနာ ဘဏ်ခွဲ(၂)သို့ YGN 1J/9428 နံပါတ်တပ်ဆင် ထားသည့် Crown အမျိုးအစားအဖြူရောင်ယာဉ်ဖြင့် ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင်ထားသော အမျိုးသား ၄ ဦးရောက်ရှိလာပြီး ငွေကျပ်(၁၁၇၉)သိန်းခန့်အား လည်းကောင်း လုယက် ယူဆောင်သွားသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
Sep 21, 2021
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခြင်းအပေါ် ပြန်လည်ကုစားရေး၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှုအခြေအနေ ရှင်းလင်းတင်ပြခြင်းနှင့် ဝန်ကြီးဌာနအားလုံး တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ် ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။
Sep 21, 2021
မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက် #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Sep 21, 2021
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေ၀သ အခြေအနေများ ပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ် ဖေါ်ပြအပ်ပါသည်။
Sep 21, 2021
မန္တလေးတိုင်းဒေသကြီး နတ်ရေကန် ငါးလုပ်ငန်းစခန်းတွင် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းကို စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ နတ်ရေကန်ငါးစခန်း တွင် ဖွင့်လှစ်ပို့ချပေးသည်။
Sep 21, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါ နေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။
Sep 21, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
Sep 21, 2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ငွေကျပ်သိန်း ၃,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Sep 21, 2021
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Sep 21, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများကို ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။ စက်တင်ဘာ ၂၀ ရက်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ သုံးခုမှ Zinc Tablets ၁၄၆ ခု၊ Paracetamol Tablets ၃၈၃၂ ခု၊ Benzyl Benzoate Lotion ၁၁၅၀၊ Phytomenadi အခု ၆၀၊ Vitamin-C Tablets ၇၀၇၄ ခု၊ Vitamin-C + Zinc Tablets ၅၀၄၄ ခု၊ Amero Powder For Injection အခု ၁၅၀၀၀၊ Faceshield အခု ၁၇၀၀၀၊ Thermometer ၁၂၇၇ ခု၊ Mask အခု ၈၅၀၊
Sep 21, 2021
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်များကို တပ်မတော်ဆေးရုံများ ကျန်းမာရေးဌာနများနှင့် ကိုဗစ် စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျှက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓ္ဓမလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးများနှင့်ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
Sep 21, 2021
ကလေးနှင့် ဆယ်ကျော်သက်အရွယ်များတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံမေးမြန်းထားသည်။
