Sep 19, 2021
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Sep 19, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -
Sep 19, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ နှောင့်နှေးကြန့် ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီနှင့် တာချီလိတ် စခန်း ငါးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၁၀ ခုမှ ယာဉ်စီးရေ ၁၆ စီးဖြင့်အောက်ဆီဂျင်(အရည်) Bowser ယာဉ်သုံးစီးဖြင့် ၅၆ တန်၊အောက်ဆီဂျင်(အိုးခွံ) ၄၆၃၀၊ Oxygen Plant ရှစ်ခု၊ အိမ်သုံး Oxygen Concentrator ၁၀ ခု၊ PPE ဝတ်စုံ ၅၀၀ နှင့် နှာခေါင်း စည်း (Mask) ၁၁ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ်သုံးစီးမှာ ရန်ကုန် မြို့သို့ တစ်စီး၊ မန္တလေးမြို့သို့ နှစ်ဆီးဖြစ်ပြီး Oxygen Plant ရှစ်ခုမှာ ရန်ကုန်မြို့သို့နှစ်ခု၊ ပခုက္ကူမြို့သို့ နှစ်ခု၊ မုံရွာမြို့၊မြိုင်မြို့ ဂန့်ဂေါမြို့နှင့် ထန်ထလန် မြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။
Sep 19, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရ မည့်သူများအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက် အားတိုက်ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်မြို့၊ မင်းဓမ္မ လမ်းရှိတိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။
Sep 19, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ် လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာ နချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။
Sep 19, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
Sep 19, 2021
မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်း များလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Sep 19, 2021
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေ လိုသည့် NUG ၊ CRPH အကြမ်းဖက်အဖွဲ့များသည် ငြိမ်းချမ်းစွာနေထိုင်ကြသည့် အပြစ် မဲ့ပြည်သူလူထုကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ ပြည်သူလူထုအများသွားလာ လှုပ်ရှားနေသည့် ဈေးများ၊ စာသင်ကျောင်းများ၊ လမ်း တံတားများအထိ ဖောက်ခွဲ ဖျက်ဆီးခြင်းအပြင် အပြစ်မဲ့ပြည်သူများကို လုပ်ကြံ သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်လျက်ရှိရာ မကွေးမြို့၊ မင်းကန်ကြီးရပ်ကွက်တွင် (၅)နှစ်အရွယ် လူမမယ် ကလေးတစ်ဦး သေဆုံးခဲ့ရသည်။
Sep 19, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
Sep 19, 2021
ရုံးပိတ်ရက်ရှည်ကာလကုန်လွန်ပြီး ရုံးတွေပြန်ဖွင့်သည့်အခါ ဝန်ထမ်းများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံမေးမြန်းထားသည်။
Sep 19, 2021
တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းပြည်၏ အစိတ်အပိုင်း တစ်ခုပင်ဖြစ်ပြီး တပ်မတော်နှင့် နိုင်ငံ့သမိုင်းကို ခွဲခြား၍ ရမည်မဟုတ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ခြင်းသည် တိုင်းပြည်ကိုအလုပ်အကျွေးပြုနေခြင်းပင် ဖြစ်သည်ကို သိရှိနားလည်ရ မည်ဖြစ်ပြီး တပ်မတော်သည် တိုင်းပြည်အတွက်ပင်ဖြစ် ရမည်ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်သကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မိမိတို့ တတ်စွမ်းသရွေ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဗလမင်း ထင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
Sep 19, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ များအား ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံ အမှာစကား ပြော ကြားသည်။
Sep 19, 2021
သီလဟူသည် လိုက်နာကျင့်သုံးအပ်သော ကျင့်ဝတ်များပင်ဖြစ်သည်။ ကောင်းမှုဖြစ်၍ကျင့် ဆောင်ရမည့်သီလသည် စာရိတ္တသီလဖြစ်ပြီး မကောင်းမှုဖြစ်၍ ရှောင်ကြဉ်ရမည့်သီလမှာ ဝါရိတ္တသီလဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ကို လိုက်နာကျင့် သုံးကြသော ငါးပါးသီလသည် ရှောင်ကြဉ်ရသည့် ဝါရိတ္တသီလဖြစ်သည်။ စင်စစ်အားဖြင့် ငါးပါးသီလသည်
Sep 18, 2021
အကြမ်းဖက်သမားများသည် ခရမ်း-မောင်းမ ကားလမ်းအတိုင်းမောင်းနှင်လာသော လုံခြုံရေး တပ်ဖွဲ့ ဝင်များ ပါဝင်သော မော်တော်ယာဉ်အား ယမန်နေ့ ညနေ ၆ နာရီခန့်က ငြုပ်သီးလှော် ကွန်ကရစ် တံတား အကျော် လမ်းဘေးချုံပုတ်တစ်ခုအတွင်းမှလက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန် ပစ်ခတ် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Sep 18, 2021
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသ ကြီး/ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဥပဒေရေးရာဝန်ကြီးဌာန၌ ယနေ့ နံနက် ၉ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။
Sep 18, 2021
နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Sep 18, 2021
ကျွန်ုပ်သည် အိုင်အေအတန်း၌ ပညာသင်ကြားနေစဉ်သတင်းစာများတွင် မြန်မာမိန်းမများ နောက်ပိတ် ဖိနပ် စီးသင့်၊ မစီးသင့် များစွာရေးကြ၏။ စီးသင့်သည်ဟုစသူကား ရွှေဘိုက မဂျမ်းခင်ဆိုသူဖြစ်သည်။ မစီးသင့် ဟု ပြန်၍ရေးကြသောသူတို့တွင် ကျွန်ုပ်လည်း တစ်ယောက်အပါ အဝင် ဖြစ်၏။
Sep 18, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။
