Sep 25, 2021
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ် ဇွန်လ ၄ ရက်တွင် လည်းကောင်း၊ အကြမ်းဖက်မှုအား ငွေကြေး ထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို တားဆီး နှိမ်နင်းခြင်းနည်းဥပဒေများကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင်လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့်အပြင် အာဆီယံအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းအား ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်တွင် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းများနှင့်ဆေးဝါးများ တရားမဝင် ကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာ ဘင်းမ်စတက် ကွန်ဗင်းရှင်းအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင်လည်းကောင်း၊ အကြမ်းဖက် မှုနှင့် သက်ဆိုင်သော ကုလသမဂ္ဂကွန်ဗင်းရှင်း ၁၉ ခုအနက် ၁၃ ခုကိုလည်းကောင်း အတည်ပြု ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
Sep 25, 2021
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ၈ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်း ဝန်းကျင်သို့ ကျဆင်းသွားခဲ့ပြီ ဖြစ်သော်လည်း စိတ်ချရသည့် အခြေအနေသို့ မရောက်သေး။ တစ်နိုင်ငံလုံး ပျမ်းမျှခြင်းအားဖြင့် ကူးစက်မှုနှုန်း ကျဆင်းသည်ဟုဆိုနိုင်သည့်တိုင်အောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၊ နယ်စပ်ဒေသများ စသည်တို့တွင် ကူးစက်မှုနှုန်း များနေဆဲဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးတွင် ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုသည် လွန်စွာအရေးပါသည့်အလျောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ ဦးရေစုစုပေါင်း ၁၀ သန်းခန့် ရှိလာပြီဖြစ်သည်။
Sep 24, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၅/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Sep 24, 2021
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 24, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ပါသည်။
Sep 24, 2021
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် အဲယားကမ္ဘောဇလေကြောင်းလိုင်းမှ ဝန်ထမ်းများသည် ရန်ကုန်-ဟဲဟိုး ခရီးစဉ်ပျံသန်း ပြေးဆွဲရန်အတွက် ATR-72-600 လေယာဉ်အမှတ် (XY-AMP) အား မပျံသန်းမီစစ်ဆေးခြင်း (Pre Departure Inspection) ဆောင်ရွက်ခဲ့ရာ လေယာဉ်၏ ညာဘက် Pitot Tube နှင့် ဘယ်ဘက် Pitot Tube များ အတွင်းမှ သစ်ရွက်များ တွေ့ရှိခဲ့သဖြင့် ခရီးစဉ်အား ATR-72-600 လေယာဉ်အမှတ် (XY-AMO) ဖြင့် ပြောင်းလဲ၍ ပျံသန်းခဲ့ကြောင်း သိရှိရသည်။
Sep 24, 2021
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဟိန်းကျော်လွင် အပါ တရားခံကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၅၈ တောင့်၊ C4 ယမ်းမှုန့် ၅၀ သားနှင့် အခြားဖောက်ခွဲရေးပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား ဩဂုတ်လ ၂၈ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
Sep 24, 2021
နိုင်ငံတော်က ချမှတ်ထားသည့် မြေယာမူဝါဒများနှင့်အညီ စိုက်ပျိုးမြေများအပေါ် အခြားနည်း လမ်းများဖြင့် အသုံးပြုခြင်း လုပ်ငန်းများအား ကြပ်မတ်ဆောင်ရွက်ရေး၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များအားလုံးတွင် စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝပြီး လူမှုစီးပွားအဆင့်အတန်း မြင့်မားရေးလုပ်ငန်းများတွင် လယ်ယာမြေကို ထိရောက်စွာ အသုံးပြု နိုင်ရေး လုပ်ငန်းများကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Sep 24, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Shwe Me Thar Logistic Service Co., Ltd သို့ သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်နေမှု၊ လှိုင်မြစ်ရေကြောင်း လမ်းမှ သီလဝါဆိပ်ကမ်းနှင့် အခြားပြည်တွင်း ဆိပ်ကမ်းများသို့ ကွန်တိန်နာ သယ်ယူ ပို့ဆောင်မှုနှင့် ပြည်ပသို့ ဆန်တင်ပို့နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို အကြံပြု ညှိနှိုင်းသည်။
Sep 24, 2021
(၁) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေ (Sittwe) မြို့၏ အနောက်တောင်ဘက် ရေမိုင် (၁၁၅) မိုင်ခန့်၊ ဂွ(Gwa)မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၁၉၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyigyun) မြို့၏ အနောက်မြောက်ဘက် ရေမိုင် (၂၃၅) မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက်ရေမိုင် (၂၉၀) မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
Sep 24, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area) သည် မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေ(Sittwe)မြို့၏ အနောက်တောင်ဘက် ရေမိုင် (၁၁၅) မိုင်ခန့်၊ ဂွ(Gwa)မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၁၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun)မြို့၏ အနောက်မြောက်ဘက် ရေမိုင်(၂၃၅)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့ တောင်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
Sep 24, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တောစည်ပင်သာယာရဲတပ်ဖွဲ့လိုင်းခန်း၌ ရွေ့လျား ဈေးကား (Mobile Market) စနစ်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ကြီးကြပ်မှုဖြင့် မြို့ပြပတ်ဝန်းထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက် မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနလိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ပုဇွန် အမျိုးမျိုးတို့အား ရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Sep 24, 2021
(၁၁) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (11th ASEAN Senior Officials Meeting on Youth) နှင့် (၁၀) ကြိမ်မြောက် အာဆီယံ+၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (10th ASEAN Plus Three Senior Officials Meeting on Youth) တို့ကို စက်တင်ဘာ ၂၃ မှ ၂၄ အထိ မလေးရှားနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူ၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။
Sep 24, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြား ငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချ လျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွက် စားအုန်းဆီ ပိဿာ (၂၀၀၀,၉၀၀) ၊ တန်ချိန် (၃၂၇၀) တန်ရောင်းချခဲ့ပြီးဖြစ်သည်။
Sep 24, 2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Sep 24, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင် စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများ၊ မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း (၂) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၄) ခုမှ ယာဉ်စီးရေ (၁၈) စီး ဖြင့် အောက်ဆီ ဂျင် (အိုးခွံ) (၇၁၈၅) ခု၊ Oxygen Plant (၂) ခု၊ အိမ်သုံး Oxygen Concentrator (၁၀၃) ခု၊ PPE ဝတ်စုံ (၂၀၀)နှင့် နှာခေါင်းစည်း (Mask) (၇၇) တန်တင်သွင်းခဲ့သည်။ Oxygen Plant (၂) ခုမှာ ပဲနွယ်ကုန်းမြို့နှင့် ညောင်ရွှေမြို့တို့သို့ (၁)ခုစီ ဖြစ်ကြောင်း သိရှိရသည်။
Sep 24, 2021
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးသော နိုင်ငံခြားငွေဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းခဲ့သည့် စက်သုံးဆီများ ဈေးနှုန်း သက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Sep 24, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၁) အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အပြီးသတ် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Sep 24, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကွေ့ကျိုး ပြည်နယ်တို့ပူးပေါင်း၍ တရုတ်-အာဆီယံ ပညာရေးပူးပေါင်း ဆောင်ရွက်မှုရက် သတ္တပတ် (2021) ဖွင့်ပွဲအခမ်းအနားကို ကွေ့ကျိုးပြည်နယ်၊ ကွေ့ရန်မြို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။
Sep 24, 2021
ကာကွယ်ဆေးထိုးနှံခြင်း၏အရေးကြီးပုံနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး နှင့် တွေ့ဆုံမေးမြန်းထားပါသည်။
