Skip to main content

Sep 26, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့သည်ယနေ့ နံနက် ၇ နာရီတွင် ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ထမ်းအိမ်ရာ၌ ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာန၏ကြီးကြပ်မှုဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများ ဌာနမှငါး/ပုစွန်အမျိုးမျိုး ရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

ကျွဲ၊ နွားအရှင်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချခြင်းမှ မွေးမြူသူနှင့် ကုန်သည်များ အတွက် အကျိုးအမြတ်ရရှိနေကြသော်လည်း တိရစ္ဆာန်အရှင် တင်ပို့ခြင်းထက် တန်ဖိုးမြင့်၊ အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက ပိုမိုအကျိုးကျေးဇူးများ မည်ဖြစ်ကြောင်း၊ ဈေးကွက် တည်ငြိမ်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းအား ရှိသည့် တန်ဖိုးမြင့်၊ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရန် ထုတ်လုပ်မှုလုပ်ငန်းစဉ် တွင်ပါဝင်သူအားလုံးတို့က ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယနေ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

နေပြည်တော် ရေရှည်သာယာလှပစေရန် မြို့ပြစီမံကိန်းရေးဆွဲရေး လုပ်ငန်းများ အဆင့်မြှင့် တင်နိုင်ရေးအတွက် လျာထားဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်၊ နန်းတော်စစ် ဆေးရေးဂိတ်မှ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၅၆ ဦး၊ စုစုပေါင်း ၁၀၀ ဦး၊ နမ့်ဖာဟော် တံတားမှ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၃၄ ဦးနှင့် ရန်လုံကျိုင်း တံတားမှ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁ ဦး၊

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများ၊ ဘိုးဘွားရိပ်သာ များနှင့် ဘာသာရေးကျောင်းများ သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်လှူဖွယ်ပစ္စည်း များ လှူဒါန်းခြင်း၊ နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၈)ကြိမ် မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် ဆန့်ကျင်သည့် ဆွေးနွေးမှု(၃)ခုကို သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် အပြန်အလှန် ဆွေးနွေးမှုများ၏ အနှစ်သာရကို လျစ်လျူရှုကာ နိုင်ငံတစ်နိုင်ငံ၏ မျက်ကွယ်တွင် တစ်ဖက်သတ် ပြုလုပ်သည့်ကိစ္စဖြစ်သောကြောင့် လူ့အခွင့်အရေးကောင်စီတွင် အန္တရာယ်ရှိသော အစဉ်အလာ ကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းအပြုအမူသည် လူ့အခွင့်အရေးကောင်စီကဲ့သို့ မူဝါဒကို စောင့်ထိန်း သည့် ယန္တရားကိုယ်တိုင်က ၎င်းချမှတ်ထားသည့် မူဝါဒများနှင့် ဦးတည်ချက်များကို လေးစား လိုက်နာခြင်း ရှိ-မရှိ မေးခွန်းထုတ်ဖွယ်ပင် ဖြစ်သည်။ မြန်မာကိစ္စ အစီရင်ခံချက်များတွင် ပါရှိသော အကြောင်းအရာများမှာ တိကျမှန်ကန်ခိုင်လုံမှုမရှိဘဲ လိုရာဆွဲယူဖော်ပြထားသော စွပ်စွဲချက်များသာ ဖြစ်သောကြောင့် အဆိုပါ စောင့်ကြည့်အစီရင်ခံရေး ယန္တရားများသည် မည်သူ့ကိုမှ အကျိုးမပြုကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

မြန်မာနိုင်ငံသည် တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ မတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများဖြင့် ရှေးယခင်ကတည်းက ယနေ့ထက်တိုင် ရှင်သန်နေထိုင်ကြသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိပြီး ပိုင်နက်နယ်မြေ သတ်မှတ်ချက်ရှိသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာတွင် ကူးစက်ပျံ့နှံ့လာသည့်အခါ ဦးစွာအထိနာသည့် စီးပွားရေး လုပ်ငန်းတို့တွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှ ပါဝင်သည်။ ကပ်ရောဂါ ကာလရှည်ကြာ လာသည်နှင့်အမျှ ထိခိုက်ဆုံးရှုံးမှုကို များသထက် များလာပြီး ဆက်လက်ရပ်တည် ရှင်သန်နိုင်ရေး ခက်ခဲလာသည့်အခြေအနေသို့လည်း ရောက်ရှိလာကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2021

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Sep 25, 2021

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Sep 25, 2021

ဂျင်းနုစိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာမျှဝေခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း၌ စက်မှုဝန်ကြီးဌာနမှ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးရှိ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့်အဖွဲ့ One Stop Service(OSS)၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2021

နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Sep 25, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၃ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ် စစ်ဆေးရေးဂိတ်၊ နမ့်ဖာဟော်တံတားမှ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၉ ဦးနှင့် ရန်လုံကျိုင်းတံတားမှ အမျိုးသမီး ၃ ဦးကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်၊ ချစ်ကြည်ရေးတံတားမှ အမျိုးသား ၁၅၂ ဦး၊ အမျိုးသမီး ၁၃၉ ဦး၊ စုစုပေါင်း ၂၉၀ ဦးတို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံး ကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်း ပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2021

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့််ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာ များ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများအား လာရောက်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2021

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ် အပ်နှင်းနိုင်ရေး စိစစ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဂုဏ်အင်္ဂါအရည်အချင်း စိစစ်ရေးပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်