Skip to main content

ဘာသာတရားပေါင်းစုံအနေဖြင့် လက်တွေ့ဖြစ်ပျက်နေသည့် အခြေအနေမှန်များ၊ ပြုလုပ်ခဲ့သည့် အခြေအနေမှန်များကို ကြည့်ပြီး အမှန်များကို စဉ်းစားဆင်ခြင်နိုင်ရန် လိုအပ်

နေပြည်တော် စက်တင်ဘာ ၂၁

 

ထန်တလန်မြို့ ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ သေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့သည်။

 

ဒီသတင်းကတော့ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပေးနေတဲ့ ပြည်ဖျက်မီဒီယာ အချို့မှာပါထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ ထုံးစံအတိုင်း စက်တင်ဘာလ ၁၉ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမကျေးရွာမှာ မီးရှို့တယ်ဆိုတဲ့ကိစ္စတွေ စသဖြင့် မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်နေ ကျဖြစ်တဲ့ ခေတ်သစ်မီဒီယာကနေပြီး စတင် ထုတ်လွှင့်ခဲ့တာကို တွေ့ရပါတယ်။

 

ဒီသတင်းမှာတော့ ထန်တလန်မြို့မှာ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပြီး ခရစ်ယာန်အသင်းတော် က သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်းနှင့် ပတ်သက်၍ တပ်မတော်ကပစ်တဲ့ ကျည်ထိမှန် သေဆုံးသွားတယ်ဆိုတဲ့ ကိစ္စတွေ ဒါတွေကို ထုတ်လွှင့်ခဲ့တာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကတော့ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီနဲ့ ၄ နာရီခွဲလောက်မှာ နယ်မြေလုံခြုံရေး တာဝန်ယူနေတဲ့အဖွဲ့တွေက ထန်တလန်မြို့မှာ လှည့်ကင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ခဲ့ရာ ထန်တလန်မြို့၊ အမှတ် ၁ ရပ်ကွက်ကို ရောက်ရှိနေတဲ့အချိန်မှာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ အင်အား ၁၀၀ လောက်က မြို့ထဲ၊ ရပ်ကွက်ထဲ၊ အိမ်တွေထဲကနေပြီး စောင့်ကြိုတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ဖြစ်ပွားပြီးခဲ့တဲ့အချိန်မှာပဲ အကြောင်းအရင်း စိစစ်လိုက်တဲ့အခါ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ နေအိမ် အလုံး ၂၀ နဲ့ ဆောက်လုပ်ရေးဦးစီးဌာနပိုင် လမ်းဦးစီးရိပ်သာ သုံးထပ်အဆောက်အအုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဲဒီ မီးလောင်မှုဖြစ်ပွား တဲ့နေရာကို ထန်တလန်မြို့ အမှတ် ၂ ရပ်ကွက် မှာနေထိုင်တဲ့ ထန်တလန်ရာပြည့် နှစ်ချင်းအသင်းတော်က သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်းက သူ့အိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်ခွာပြီး အမှတ် ၂ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းထားထားဆေးဆိုင်အနီး ရောက်ရှိစဉ်မှာ ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ။

 

စုံစမ်းစစ်ဆေးလျက်ရှိ

 

စတင်တိုက်ပွဲဖြစ်ပွားတဲ့အချိန်က ညနေ ၄နာရီကနေ ၄ နာရီ ၂၅အထိ ဖြစ်ပါတယ်။ သူ ကျည်ထိမှန်သေဆုံးတဲ့အချိန်က ညနေ ၆ နာရီ ဖြစ်ပါတယ်။ သူ့ကိုတော့ စက်တင်ဘာလ ၁၉ ရက် နေ့ ၁၂နာရီ ထန်တလန် အမှတ် ၂ ရပ်ကွက် ထန်တလန်သင်္ချိုင်းမှာ ခရစ်ယာန်ဘာသာရေး ဆရာများဦးစီးပြီး ဂူသွင်းသဂြိုဟ်ခဲ့တယ်လို့ သိရ ပါတယ်။ အဲဒီဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်းမှာ ခုနကပြောတဲ့ မဟုတ်မမှန်သတင်းတွေ ထွက်လာ တာပဲဖြစ်ပါတယ်။ ဖြစ်စဉ်အမှန်ကတော့ ယခု အတိုင်းပဲဖြစ်ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ ထန်တလန်မြို့တွင် ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက် အဖွဲ့တွေက ထန်တလန်မြို့ အတွင်းမှာရှိတဲ့ လူနေအိမ်တွေကို အကာအကွယ် ယူပြီးတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ဒီကျည်ထိမှန် သေဆုံးခြင်းနှင့်ပတ်သက်ပြီး ထပ်မံစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

 

ဒီနေရာမှာ တပ်မတော်က ပစ်ခတ်တယ်ဆိုပြီး တစ်ဖက်သတ်စွပ်စွဲတာတွေ ပြီးရင် လက်စွပ်တွေ ယူသွားတယ်၊ နာရီတွေယူသွားတယ်ဆိုတဲ့ မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်နေတာတွေ တွေ့ရပါတယ်။ ဒီထုတ်လွှင့်ချက်တွေနဲ့အတူ ချင်းပြည်နယ်၊ ချင်းခရစ်ယာန်အဖွဲ့ချုပ်က စက်တင်ဘာ လ ၁၉ ရက်နေ့ ရက်စွဲနဲ့လည်း သဘောထား ထုတ်ပြန်ခဲ့တဲ့အကြောင်းအရာတွေ တွေ့ရတယ်။ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KTC ကလည်း သူတို့ရဲ့ သဘောထားထုတ်ပြန်ချက်တွေကို ထုတ်နေတာ ကိုလည်း တွေ့ရပါတယ်။ အဲဒီအထဲမှာတော့ ကျွန်တော် ပြောခဲ့တဲ့ သတ်ဖြတ်ခံရတာတွေ၊ ဘာသာရေး အဆောက်အအုံကို ပျက်စီးစေခြင်းတို့ ဒီလိုမျိုးစွပ်စွဲချက်တွေ စွပ်စွဲထားတာ တွေ့ရပါတယ်။ သင်းအုပ်ဆရာ သေဆုံးသွားခြင်းကတော့ ခုနက ပြောခဲ့တဲ့ အကြောင်းအရာတွေကြောင့် ဖြစ်ပါတယ်။

 

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက NUG၊ CRPH အကြမ်းဖက်အဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ မငြိမ်မသက်ဖြစ်အောင်၊ တည်ငြိမ် အေးချမ်းမှုထိခိုက်အောင်အတွက်ဆောင်ရွက်လျက်ရှိ တယ်။ လဆန်းပိုင်း ၇ ရက်နေ့တုန်းက ပိုပြီးတော့မှ ပဋိပက္ခတွေဖြစ်ပွားလာအောင် မြှောက်ပင့်ပေးတဲ့ ကြေညာချက်မျိုး ထုတ်ခဲ့တာတွေ့ရတယ်။ အဲဒီ နောက်ပိုင်းမှာလည်း ချင်းပြည်နယ် အချို့ နေရာတွေ မှာ မငြိမ်မသက်မှုတွေဖြစ်ပွားလာတာ တွေ့ရပါ တယ်။ ချင်းပြည်နယ် ထန်တလန်ဘက်မှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းတစ်ခုဖြစ်တဲ့ လုံတဲစခန်းကို အကြမ်းဖက်၄၀၀ လောက်နဲ့ ဝိုင်းတိုက်တဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဟာနဲ့ ပတ်သက်ပြီး ယခု နောက်ပိုင်းမှာ ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် CBC နဲ့ ကချင် နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC တို့ရဲ့ ထုတ်ပြန်ချက်တွေကိုလည်း တွေ့ရပါတယ်။

 

ဘာသာရေးဘက်ကိုဦးတည်နေ

 

ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး အဓိက ပြောချင်တာရယ်၊ အဖြစ်မှန်နဲ့ ပတ်သက်ပြီး ပြောချင်တာရယ် အဓိကကတော့ ဘာသာရေးဘက်ကို ဦးတည်နေတာကိုတွေ့ရပါတယ်။ ဒါဟာအန္တရာယ် များတဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါတွေဟာ မလုပ်သင့်တဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄ အရ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည် အမျှရရှိပြီး ဖြစ်ပါတယ်။ နိုင်တဲ့ အခွင့်အရေးကို အညီအမျှရရှိပြီး ဒါ့အပြင် ဘာသာရေးနဲ့ပတ်သက်လာလို့ရှိရင် အခြေခံဥပဒေမှာ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃ တို့မှာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။

 

နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအာဏာတည်သောနေ့တွင် နိုင်ငံတော် တွင်ရှိနေသော ကိုးကွယ်ရာဘာသာများအဖြစ် အသိအမှတ်ပြုပြီးလို့ ပုဒ်မ ၃၆၂ မှာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ပုဒ်မ ၃၆၃ မှာတော့ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်လို့ အတိအလင်း ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ကိုးကွယ်ရာ ဘာသာပေါင်းစုံနှင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ ။

 

တပ်မတော်က အားပေးကူညီ

 

ဒီဖြစ်စဉ်တစ်ခုကိုအခြေခံပြီး ဘာသာရေးသွေးခွဲမှု ပဋိပက္ခအသွင် ဖန်တီးလာတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မလုပ်ဆောင်သင့်တဲ့ လုပ်ငန်းတစ်ခုလို့ ပြောချင်ပါတယ်။ နိုင်ငံတော်အနေနဲ့၊ တပ်မတော်အနေနဲ့ရော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ အစိုးရအဖွဲ့ မဖြစ်ခင်ကတည်းက ဘာသာပေါင်းစုံကို အားပေးတာတွေ၊ ဘာသာပေါင်းစုံနဲ့ ပတ်သက်ပြီး ထောက်ပံ့ ကူညီမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဘာသာ သာသနာနဲ့ ပတ်သက်ပြီး အားပေးတာတွေ၊ ဆောင်ရွက်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ အဲဒီလို လုပ်ဆောင်လျက်ရှိတဲ့ နေရာမှာ ကျွန်တော်တို့ အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထက် ကတည်းက ခရီးစဉ်တွေ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေမှာ အမြဲတမ်းတက်ရောက်တာတွေ၊ တပ်မတော်ကနေ အားပေး ကူညီတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့လည်း တာဝန်ထမ်းဆောင်နေချိန်ကာလမှ လက်ရှိ ကာလအထိ နိုင်ငံအတွင်းမှာ ဒေသအနှံ့အပြားကို သွားရောက်တဲ့အချိန်မှာ ဘာသာရေး၊ လူမှုရေးခွဲခြား မှုမရှိဘဲ သက်ဆိုင်ရာဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာတွေ၊ ကူညီထောက်ပံ့ တာတွေ၊ ဆွေးနွေးတာတွေကို အကြိမ်များစွာ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ခရစ္စမတ် အချိန်တိုင်း ရန်ကုန်ဗိုလ်တထောင်မှာရှိတဲ့ စိန်မေရီ ကယ်သီဒြယ်ဘုရားရှိခိုးကျောင်းကို အမြဲတမ်း ရောက်ရှိပါတယ်။ ခရစ္စမတ်ပွဲတော်နေ့နဲ့ ပတ်သက်ပြီး နှုတ်ခွန်းဆက်စကားများ အမြဲတမ်း ပြောဆိုခဲ့ပါတယ်။ အဲဒီအထဲက သိမှတ်ဖွယ်ရာလေးတစ်ခုကို နိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့တဲ့ မူရင်းစကား အတိုင်း ပြန်လည်ပြောချင်ပါတယ်။

 

ဒါကတော့ “ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင် ၃ ဒသမ ၂ သန်းခန့် ရှိပြီး လူဦးရေရဲ့ ၆ ရာခိုင်နှုန်းခန့်ရှိပါတယ်။ မြန်မာနိုင်ငံ၏ လူဦးရေအများဆုံး ကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့် အတူ ခရစ်ယာန်၊ မူဆလင်၊ ဟိန္ဒူနှင့် အခြား ဘာသာဝင်များဟာ နှစ်ပေါင်းများစွာကတည်းက အချင်းချင်းစည်းလုံး ညီညွတ်စွာ အမိနိုင်ငံတော်ကြီးကောင်းကျိုးကို ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘာသာတရား အသီးသီးရဲ့ မွန်မြတ်တဲ့ အဆုံးမတွေအောက်မှာ ညီရင်းအစ်ကို မောင်ရင်း နှမစိတ်ဓာတ် အစဉ်လာ ကောင်းတွေနဲ့ နေထိုင် လျက်ရှိကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပုဒ်မ ၃၆၂၊၃၆၃ တို့မှာ ဘာသာရေးလွတ်လပ်ခွင့် ကူညီ စောင့်ရှောက်မှုတို့အတွက် အာမခံပေးထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာသာရေးကို အသုံးချပြီး ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်း စည်းလုံးမှုကို ပြိုကွဲအောင် လုပ်ဆောင်နေတာတွေကို အားလုံးဂရုပြုကြရမှာ ဖြစ်ပါတယ်”။ ၂၀၁၉ ခုနှစ်၊ ခရစ္စမတ်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

 

ဒီအချိန်မှာ NUG၊ CRPH လိုအဖွဲ့အစည်းတွေ၊ ပြည်ဖျက်မီဒီယာတွေအနေနဲ့ မဟုတ်မမှန်သတင်း တွေ ထုတ်လွှင့်နေတာဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးအချင်းချင်း စိတ်ဝမ်းကွဲအောင်၊ နောက်ဆုံးမှာ ဘာသာတရားအချင်းချင်း စိတ်ဝမ်းကွဲအောင် ဒါတွေကိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူများအနေနဲ့ သတိချပ်ဖို့ ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ခရစ်ယာန် အသင်းတော်နှင့် ပတ်သက်ပြီး ပြောချင်တာက ကချင်ခရစ်ယာန်အသင်းတော်(KBC)နဲ့ ချင်းခရစ်ယာန် အသင်းတော်လည်း ပါပါတယ်။ ကချင် ပြည်နယ်မှာရှိတဲ့ သဘောထားထုတ်ပြန်ခဲ့သည့်အဖွဲ့ KBC အဖွဲ့နှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဘဝကတည်းက တော်တော်ရင်းနှီးတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်နဲ့လည်း ကူညီမှုများ၊ ပံ့ပိုးမှုများ၊ ငြိမ်းချမ်းရေးအရ ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပါတယ်။ သူတို့ အဖွဲ့ကတော့ ၎င်းတို့၏ စိတ်ပူပန်မှုကို ပြောခြင်းဖြစ်ပါတယ်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အပြစ်တင်လိုခြင်း မရှိပါဘူး။ သို့သော်စိတ်ပူပန်မှုဟာ မဟုတ်ဘူးဆိုတဲ့အကြောင်း ခရစ်ယာန်ဘာသာဝင်များ သိစေ ချင်ပါတယ်။ ။

 

ထို(KBC)အဖွဲ့ကဆိုရင် ကချင်ပြည်နယ်အတွင်းမှာ ကျွန်တော်တို့ မိုင်းရှင်းရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး ကူညီပေးဖို့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လက်ထက်ကတည်းက အကူအညီ တောင်းခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း တိုက်ပွဲရှောင်ပြည်သူများ မိမိနေရပ်နေထိုင်နိုင်ရန် အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။ အောင်မြင်မှုများလည်း ရှိခဲ့ပါတယ်။

 

ဒါ့အပြင် ကချင်ပြည်နယ်မှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့တဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း များ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၎င်းအပြင်နေရာ များရှိတဲ့ ခရစ်ယာန်ဘာသာဘုရားရှိခိုးကျောင်း များကို ပြုပြင်ပေးခြင်းများကို ကျွန်တော်တို့ တပ်မတော်အင်ဂျင်နီယာအဖွဲ့က ဆောင်ရွက်ပေးခဲ့ တာရှိပါတယ်။ ထိုအကြောင်းအရာများကိုလည်း အချိန်အားလျော်စွာ သတင်းထုတ်ပြန်ပေးထားခဲ့ ပါတယ်။ ထိုကိစ္စများကို လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခုကိုဗစ် -၁၉ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါမှာ ကျွန်တော်တို့အနေနဲ့ လူမျိုးဘာသာ လူတန်းစားခွဲခြားမှု မရှိဘဲ တိုက်ပွဲရှောင်စခန်းများ၊ IDP camp မှာရှိသည့် ပြည်သူလူထုများ၊ ရခိုင် ပြည်နယ်မှာရှိသည့် ဘင်္ဂါလီများကစ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။

 

လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထား ဒါ့ပြင် EAO အဖွဲ့များကိုလည်း ကာကွယ် ဆေးထိုးပေးဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ထို့အတူ တပ်မတော်ဟာလည်း တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုးကွယ်ရာ ဘာသာ အသီးသီးနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်ထဲမှာလည်း တိုင်းရင်းသားလူမျိုး ပေါင်းစုံရှိတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာလည်း တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိပါတယ်။ ကိုးကွယ်ရာ ဘာသာအသီးသီး၊ ဘာသာ ပေါင်းစုံနဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး ဖြစ်တယ်။ သက်ဆိုင်ရာဘာသာရေး အခမ်းအနားနေ့များမှာ တပ်ရင်းတပ်ဖွဲ့က အစ သက်ဆိုင်ရာ ဘာသာဝင်များကို သူတို့ရဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ ဘာသာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ အားပေးကူညီထောက်ပံ့ဆောင်ရွက်နိုင်ဖို့ အမြဲတမ်း ကူညီဆောင်ရွက် ပေးပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက NUG၊ CRPH အဖွဲ့များ၊ ခုနကပြောတဲ့ ပြည်ဖျက်မီဒီယာ အဖွဲ့များက ကျွန်တော်တို့နိုင်ငံအတွင်းမှာ လူမျိုးရေးအရ ခွဲခြားလာမှု ဖြစ်ပေါ်လာအောင်၊ ဘာသာရေးအရ ကွဲပြားမှုများဖြစ်ပေါ်လာအောင် အမြဲတမ်း ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ ဒီအဖျက်လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ တိုင်းရင်းသားပေါင်းစုံအနေနဲ့ ဘာသာတရားပေါင်းစုံအနေနဲ့ လက်တွေ့ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်များ၊ ပြုလုပ်ခဲ့တဲ့ အခြေအနေ မှန်များကိုကြည့်ပြီး အမှန်များကို စဉ်းစားဆင်ခြင် နိုင်ဖို့၊ ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည် ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။

 

ကျေးဇူးတင်ပါတယ်။ ။