Sep 23, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်း များမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော်နယ် စပ်ကုန်သွယ်ရေးစခန်း (၃)ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၅) ခုမှ ယာဉ် စီးရေ (၁၀) စီးဖြင့် အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ် (၁) စီးဖြင့်တန် (၂၀) ၊ အောက်ဆီဂျင် (အိုးခွံ) (၃၄၆၀)၊ Oxygen Plant (၁)ခု၊ အိမ်သုံး Oxygen Concentrator (၁၀၅) ခုနှင့် နှာခေါင်းစည်း (Mask) (၄၃) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(ဓာတ်ငွေ့) Bowser ယာဉ် (၁) စီးမှာ ပဲခူးမြို့သို့ဖြစ်ပြီး Oxygen Plant (၁)ခုမှာ မူဆယ်မှ ဟားခါးမြို့သို့(၁)ခု ဖြစ်ကြောင်း သိရသည်။
Sep 23, 2021
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးမည့် နိုင်ငံခြားငွေအသုံးပြု၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရာတွင် အသုံးပြုမည့် ဆက်စပ်ဆေးဝါး များကို တင်သွင်းဖြန့်ဖြူးမည့် အစီအစဉ်စနစ်တကျ ရှိစေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtualစနစ်ဖြင့် ကျင်းပသည်။
Sep 23, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သော ဓာတ်မြေဩဇာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အမှတ်(၃) ဓာတ်မြေ ဩဇာစက်ရုံ(ကျော်စွာ) ပြန်လည်လည်ပတ်၍ ဓာတ်မြေဩဇာထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာစက်ရုံ လည်ပတ်နိုင်ရန်လိုအပ်သော သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ပြုပြင်ခြင်းနှင့် စက်ရုံ ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် တာဝန်ရှိ သူများက ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး လုပ်ငန်းခွင် ဆောင်ရွက်နေမှုတို့ကို Virtual စနစ်ဖြင့် ကြည့်ရှု စစ်ဆေးသည်။
Sep 23, 2021
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်း သုံးသပ်တင်ပြခြင်းကို ယနေ့မွန်းလွဲ (၁) နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 23, 2021
ဩဂုတ်လ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၄၄)လမ်း၊ တိုက်အမှတ်(၁၆)၊ (၃)လွှာ၌ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများသိုဝှက်ထားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေရာ တိုက်ခန်းအတွင်းမှ ဝေဖြိုးအောင်၊ သီဟကောင်းဆက် နှင့် ပိုးကျော့ကျော့ခန့် တို့အား လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ဗြောက်အိုးထုပ်များ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့မှုဖြစ်စဉ်အား သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။
Sep 23, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအ သီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 23, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိသည်။
Sep 23, 2021
နေပြည်တော်၊ စက်တင်ဘာ
Sep 23, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့် တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေး ပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၁ ခုမှ ငွေကျပ် ၁ သိန်းကျော်တန်ဖိုးရှိ အိမ်သုံး ဆေးဝါး ၁၅၆ မျိုးအား ရောင်းချပေးခဲ့သည်။
Sep 23, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ် လမ်းမှ အထောက်
Sep 23, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်း ပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Sep 23, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီ သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၀ ဦး၊ အမျိုးသမီး ၈၀ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့ကို အသီးသီးလက်ခံခဲ့သည်။
Sep 23, 2021
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်းများပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသည်။ ထို့သို့ဆောင်ရွက်ပေးလျက်ရှိရာတွင် နိုင်ငံတော်တည်ငြိမ် အေးချမ်း မှုကိုမလိုလားသည့် NUG၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကိုပါ ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက် မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
Sep 23, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ အား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။
Sep 23, 2021
လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မူဝါဒများနှင့် ဥပဒေစည်းမျဉ်းများ ဆိုင်ရာ ကောင်းမွန်သော အလေ့အထ များကို ဖလှယ်ရန်နှင့် ဗဟုသုတကို မြှင့်တင်ရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင် မည့်ရင်းနှီးမြှုပ်နှံမှု မူဝါဒအစီအမံများနှင့် ဦးစားပေးလုပ်ငန်းကဏ္ဍများကို ဆွေးနွေး ရန်၊ လန်ချန်း-မဲခေါင်ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် ရည်ရွယ်လျက် လန်ချန်း-မဲခေါင် ရင်းနှီးမြှုပ်နှံမှုဆွေးနွေး ပွဲကို လန်ချန်း - မဲခေါင် ပူးပေါင်း ဆောင် ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) ဖြင့် ၂၀၂၁ | ခုနှစ် စက်တင်ဘာ ၂၁ ရက်မှ ၂၂ ရက်ထိ နှစ်ရက်ကြာ ကျင်းပသည်။
Sep 23, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ တတိယလှိုင်းဖြစ်ပွားစအချိန်အခါက ဖြစ်ပွားနှုန်း ၄၀ရာခိုင်နှုန်းခန့်အထိ ဖြစ်ခဲ့သော်လည်း အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ စီမံခန့်ခွဲဆောင်ရွက်မှု၊ ကျန်းမာရေးဝန်ထမ်းများ၏ကြိုးစားအားထုတ်မှု၊ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုအခါတွင် ဖြစ်ပွားနှုန်း ၁၀ ရာခိုင်နှုန်းအောက်သို့ တဖြည်းဖြည်း ကျဆင်းလာသည်ကို တွေ့ရသည်။ ရောဂါ ကူးစက်ဖြစ်ပွားနှုန်း မျှော်မှန်းထားသည့်အတိုင်း အတိုင်းအတာတစ်ခုအထိလျော့ကျမှသာ ပြည်သူတို့၏လူမှုစီးပွားဘဝ ပုံမှန်အခြေအနေ ရောက်ရှိလာမည်ဖြစ်သည်။ လက်ရှိကာလတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ ယခင်နှင့်မတူ သိသိသာသာ လက်တွဲပူးပေါင်းဆောင်ရွက်လာ ကြသည်ကိုတွေ့ရသည်။ အစောပိုင်းကာလများကကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မမှန်မကန် သွေးထိုးလှုံ့ဆော်မှုများကြောင့် အထူးသဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်း များတွင် ရှောင်ဖယ်ခဲ့ ကြသည့်အပြင် မသမာသူများက ပြည်သူများကြောက်ရွံ့ ထိတ်လန့်အောင် နှောင့်ယှက်ဖျက် ဆီးမှုများကြောင့် ရောဂါကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရေးတွင် အဟန့်အတားများ ဖြစ်ပေါ်ခဲ့သည်။ ယခုအခါတွင် ပြည်သူများ မှာအမှားအမှန်ကို ခွဲခြားသိမြင်လာကြပြီး နိုင်ငံတော်နှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်လာ ကြပြီဖြစ်သည်။
Sep 23, 2021
မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ငွေကြေးလိမ်လည်ခံရခြင်းကြောင့် နေရပ်သို့ပြန်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် မြန်မာ နိုင်ငံသား ၁၇ ဦးကို နိုင်ငံတော်က ကုန်ကျစရိတ်ကျခံ၍ ပြန်လည် ခေါ်ယူခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမတွေ့ရှိရသူ သုံးဦးသည် စက်တင်ဘာ ၆ ရက် ညနေပိုင်း တွင်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၄ ဦးသည် ရောဂါပြန်လည်ပျောက်ကင်း ပြီးနောက် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင်လည်းကောင်း အမိမြေသို့ ချောမောစွာ ပြန်လည်ရောက် ရှိလာခဲ့ပြီဖြစ်သည်။
Sep 22, 2021
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Sep 22, 2021
အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Sep 22, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
