Sep 24, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်း ကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင် ရွက် ပေးလျက်ရှိ သည်။
Sep 24, 2021
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည်ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်( ၁၀၀၀) ၌ ကိုဗစ် -၁၉ အထူးကြပ်မတ်ကုသဆောင်တိုးချဲ့ ပြုပြင်ဆောက် လုပ်ခြင်း ပြီးစီးမှုနှင့် ဆေးရုံကြီး ရှိ ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနေမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။ ။
Sep 24, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြား လူသုံး ကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါ နေရာများသို့ သွားရောက်ကြည့်ရှု ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသည်။
Sep 24, 2021
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင် များအား ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက အဆိုပါမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံ သည်။ ထိုသို့တွေ့ဆုံ ရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏တင်ပြချက်များအပေါ် လိုအပ် သည်များညှိနှိုင်း ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။
Sep 24, 2021
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (SEACEN Centre)၊ အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်(BIS)နှင့် ဘရူနိုင်းဗဟို ဘဏ်တို့ကကြီးမှူး၍ ပူးပေါင်းကျင်းပသည့် အရှေ့တောင်အာရှဗဟို ဘဏ်များအဖွဲ့- အပြည်ပြည်ဆိုင်ရာစာရင်းရှင်းလင်းရေး ဘဏ်တို့၏ အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲ (SEACEN-BIS High-Level Seminar)ကို စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁၂ နာရီခွဲ တွင် လည်းကောင်း၊ အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်း အဝေး (2oth Meeting of the SEACEN Executive Committee) ကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင်လည်းကောင်း ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။
Sep 24, 2021
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့ များအား ဆန်၊ ဆီ၊ ပဲနှင့် ကြက်သွန်နီများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ် ပိုင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 24, 2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် ငွေကျပ်သိန်း ၂,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Sep 24, 2021
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၉ ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဓမ္မာရုံရှေ့၌ ရပ်တန့်ထားသော ယာဉ်အမှတ် BGO 6R/8847 ၊ Spark (အဖြူရောင်) ယာဉ်အား မသင်္ကာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ စစ်ဆေးခဲ့ရာ စက်တင်ဘာ လ ၁၃ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉) ရပ်ကွက်၊ ဆယ်အိမ်မှူး ဦးနိုင်လင်း အား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သည့် တရားခံများဖြစ်သော ဟိန်းထက်အောင် (ခ)ဈာန်ရဲ(၁၉)နှစ်၊ သန့်ဇင်(၁၆)နှစ်နှင့် အောင်ကိုဦး (၁၆)နှစ် တို့ ၃ ဦး အား ဖမ်းဆီးရမိခဲ့သည်။
Sep 24, 2021
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သရက်တောကျေးရွာအနီးရှိ သရက်တော စစ်ဆေးရေးဂိတ်၌ မင်းတပ်မြို့ရှိ အကြမ်းဖက် CDF (Chinland Defense Force)အဖွဲ့ များအား ထောက်ပံ့ပေးနေသော အေးငြိမ်းသူထံသို့ လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးဝါးများ ပို့ဆောင်ပေးနေသူ ကျော်ဌေးအား စက်တင်ဘာလ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။
Sep 24, 2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် စက်တင် ဘာ ၂၂ ရက် နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်း များ၊ စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်နှင့် မြစ်သားမြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများအား လည်းကောင်း၊ ဝမ်းတွင်းမြို့နယ် ရုံးတွင် မြို့နယ်ဝန်ထမ်းများအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ လည်းကောင်း တွေ့ဆုံသည်။
Sep 24, 2021
အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဖျော်ဖြေရေးအစီအစဥ်များကို တင်ဆက်လျက်ရှိရာ “ရွှေတောင်ပံအငြိမ့်” ဖျော်ဖြေပွဲကို စက်တင်ဘာ (၂၅)ရက်၊ စနေနေ့ ည(၈) နာရီသတင်း အပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
(၄၄) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေ ကျပ်သိန်း ၁၀၀ လှူဒါန်း
Sep 24, 2021
ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ (၄၄)ကြိမ်မြောက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲအတွက် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 24, 2021
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိတို့နိုင်ငံတွင် နိုင်ငံသား ကိုင်းသည် ဘာသာသာသနာရေး တွင် လွတ်လပ်စွာ ယူဆနိုင် သော အခွင့်အရေး၊ လွတ် လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့် အရေးကို အညီအမျှရှိသည်။ ဗုဒ္ဓဘာသာသာသနာကို နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ် သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟူ၍လည်းကောင်း ခရစ်ယာန်၊ အစ္စလာမ် ဟိန္ဒူဘာသာသာသနာများနှင့် နတ်ကိုးကွယ်မှု တို့ကိုလည်း နိုင်ငံ တော်တွင် တည်ရှိနေ ကြသည့် ကိုးကွယ် ရာဘာသာများဟူ၍ လည်းကောင်း အသိအမှတ်ပြု ပြဋ္ဌာန်းထားကာ နိုင်ငံတော် က အသိအမှတ်ပြုထားသော ဘာသာသာသနာ များကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်လျက်ရှိ သည်။
Sep 24, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့တွင် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဆက်စပ်ကျင်းပသည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံခြား ရေးဝန်ကြီးဌာန နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ သည်။
Sep 24, 2021
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသား များနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမို အလေးထား လေ့လာ မှတ်သားနိုင်စေရန်ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ ပျူခေတ် မျိုးသား/ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၂)မျိုးကို စက်တင်ဘာ (၂၇) ၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တော်သလင်း လပြည့်ကျော် (၇)ရက် နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
Sep 24, 2021
နိုင်ငံတော်တွင် ကိုယ်ပိုင်ဘဏ္ဍာငွေ တောင့်တင်းခိုင်မာမှသာ တိုင်းပြည်နှင့်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက် ရေးကို အစဉ်တိုးတက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ တိုင်းပြည် ဘဏ္ဍာငွေ မတောင့်တင်းသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) ဘဝသို့ ရောက်ခဲ့ “သည်။ နိုင်ငံ့ဘဏ္ဍာငွေ မတောင့်တင်းသဖြင့် ပြည်ပချေးငွေ ရယူနေရခြင်းသည် ဆင်းရဲတွင်းနက်စေသည်။ နိုင်ငံ့ဘဏ္ဍာငွေ တောင့်တင်း လာပါက ပြည်ပချေးငွေ ရယူမှုမှာလည်း လျော့နည်းလာပြီး တိုင်းပြည်လည်း စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက် လာမည်ဖြစ်သည်။
Sep 23, 2021
၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကျောက်ဆည်မြို့နယ်၊ ဆူးကုန်းရပ်ကွက်၊ အထက (၁)လမ်း၊ ပြည်သူ့အားကစားကွင်းနှင့် “ကံပွင့်” ဆန်ရောင်း ဝယ်ရေးဆိုင်ကြားနေရာတွင် Suzuki Swift အမျိုးအစား မော်တော်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ်မောင်းဖြစ်သူသေဆုံးခဲ့ကြောင်း သိရသည်။
Sep 23, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် Anita Asia Company Limited ၏ အထည်ချုပ်စက်ရုံသို့ ရောက်ရှိရာ စက်ရုံ၏တာဝန်ခံက စက်ရုံလုပ်ငန်း လည်ပတ်နေမှု၊ အမှာစာများ လက်ခံရရှိမှု၊ တွေ့ကြုံနေရသည့်အခက်အခဲများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီ အမံများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးသည်။
