Skip to main content

Feb 24, 2021

ရှမ်းပြည်နယ် (တောင်ပိုင်း)လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စေတီပုံရှားမီး ပူဇော်ပွဲကို လွိုင်မြေ ရပ်ကွက်ရှိ ဝိဇ္ဇာရိယဘုန်းတော်ကြီး၌ တပို့တွဲလပြည့်ညတွင် စည်ကားစွာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်မှုူအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများလုပ်ငန်းညှိနှိုင်းအစည်းဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ဖေဖော်ဝါ ရီလ ၂၄ ရက် နံနက်ပိုင်းကကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

မော်လမြိုင် ဖေဖော်ဝါရီ ၂၄ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် ယနေ့နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မဗိမာန်တော်ကြီးဝင်းအတွင်း၌ ကျင်းပပြုလုပ်သော ဝိနယာ နုဂ္ဂဟအသင်း ရာပြည့်အထိမ်းအမှတ် ဆောက်လုပ်လှူဒါန်းခဲ့သော နှစ်ထပ်ကျောင်းဆောင်သစ်ကျောင်း လွှတ်ပူဇာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြာသော ဆရာတော်အရှင် သူမြတ်များနှင့် ဧည့်ပရိ သတ်အပေါင်းတို့က "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် မော်လမြိုင်မြို့ ဇောတိကာရုံစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတ

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံ ဆိပ်ကမ်းမှ တည်ထားကိုးကွယ်မည့် နေပြည်တော်ကောင်စီနယ်မြေသို့ တတိယအကြိမ် ပင့်ဆောင် ပူဇော်ခြင်း မဟာမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ဆီမီးခုံ ကျေးရွာအနီး၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာစွာ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း အဆိုပါပြည်ပရောက်မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး စီမံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လမ်းညွှန်မှာကြားခဲ့သဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ယခင်ကာလများကတည်းက အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်ရန် တပ်မတော် (ရေ)မှ ဗိုလ်မှူးချုပ် နိုင်မင်းကျော် ဦးဆောင်သည့် စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့သည် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ၊ လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စတင်ထွက်ခွာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာနေသူ အမျိုးသမီးတစ်ဦး သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျေးရွာအတွင်း၌ ဆိုင်ကယ်မတော်တဆတိမ်းမှောက်၍ ယာဘက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ပြည်မြို့ (ကုတင်-၅၀၀) ပြည်သူ့ဆေးရုံမှာ ဖွင့်လှစ်ကုသခြင်းမရှိသဖြင့် ညနေ ၅ နာရီခန့်တွင် ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသခြင်းမရှိဘဲ ပုဂ္ဂလိက သံလွင်ဆေးရုံ၌ အခကြေးငွေရယူလျက် ဆေးကုသနေသည့် ဒေါက်တာ ကျော်သူရ ထံသို့ သွားရောက်ပြသခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၁ နာရီတွင် အမျိုးသမီး၏ ယာဘက်လက်သူကြွယ်နှင့် လက်သန်းနှစ်ချောင်းအား ငွေကျပ် ၁၃ သိန်းပေး၍ ခွဲစိတ်ဖြတ်တောက်ခဲ့ရသည့်အပြင် ဒေါက်တာကျော်သူရမှ ဒုတိယအကြိမ် ထပ်မံခွဲစိတ်ရန် လိုအပ်ကြောင်း ပြောလာခဲ့သဖြင့် ငွေကြေးမတတ်နိုင်တော့သည့်အတွက် ၎င်းပုဂ္ဂလိကဆေးရုံမှ အမှတ်(၆)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)သို့ လာရောက်ပြသ အရေးပေါ် ခွဲစိတ်ကုသမှုခံ ယူခံရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူး အဆင့် အလံတင်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ မောင်တောမြို့ အမှတ်(၁) လူဝင်/ ထွက် စစ်ဆေးရေးစခန်း (POE) ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်အတူ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့လိုက်ပါ၍ ယမန်နေ့နံနက်(၈)နာရီက ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာ အနီးရှိ ဂုံညှင်းပင် စခန်းရှေ့တွင် ကျင်းပပြုလုပ်သော အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေး-ဘုရားဖူးရာ သီလမ်းဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ဖေဖော်ဝါရီ ၂၂ရက် နံနက်မှ စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာ တနင်္သာရီ တိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန် တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် နေပြည်တော်တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ် ပိုခဲ့ကာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

ရှမ်းပြည်နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြ ချက်နှင့် လမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု တင်ပြခြင်းကို ယနေ့ မွန်းလွဲ ၂နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai အား ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိနိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် လက်ခံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် ၉ ရပ်

ဆက်လက်ဖတ်ရှုရန်

Feb 23, 2021

စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ အဆင်ပြေချောမွေ့စွာ ပုံမှန် ပြန်လည်လည်ပတ်နိုင်ရေးနှင့် အလုပ်သမားများအတွက် ဥပဒေနှင့်အညီ လုပ်ခလစာပေးချေနိုင် ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၂) နာရီက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2021

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ၊ မောင်တောမြို့၊ အမှတ် (၁) လူဝင်/ ထွက်စစ်ဆေးရေးစခန်း (POE) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်